တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ ထိခိုက်ဒဏ်ရာရရှိသည့်အရပ်သားများ ဆေးကုသခွင့် မြန်ဆန်စွာရရှိနိုင်ရန် စီစဉ် နေကြောင်း ပြည်နယ်အစိုးရပြော

တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ ထိခိုက်ဒဏ်ရာရရှိသည့်အရပ်သားများ ဆေးကုသခွင့် မြန်ဆန်စွာရရှိနိုင်ရန် စီစဉ် နေကြောင်း ပြည်နယ်အစိုးရပြော

ခင်သရဖီဦး  — ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင် တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသည့်အရပ်သားများ ထိခိုက် ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး အရေးပေါ်လူနာများ မြန်ဆန်စွာသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက မေလ ၂၁ ရက်နေ့တွင် ပြောသည်။

“မြန်မြန်ဆန်ဆန်နဲ့သွားလို့ရအောင် ကျနော်တို့စီစဉ်ထားပါတယ်။ လက်ရှိမှာလည်းဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာ ကျနော်တို့လူနာတင်တာနဲ့ပတ်သတ်လို့ ICRC မှမဟုတ်ပါဘူး။ တခြားအဖွဲ့အစည်းတွေကိုလည်း သယ်ဖို့ ကိစ္စမှာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့လူ၊ အရပ်သားကိုပြောတာပဲဖြစ်ပါတယ်။ အရပ်သားသယ်ဖို့ လုပ်ထားပါတယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

လူနာတစ်ဦးကိုသယ်ယူရန်အတွက် လူနာအမည်၊ လူနာအခြေအနေ၊ သယ်ပို့မည့်ယာဉ်နံပါတ်၊ ရပ်/ကျေးမှ တာဝန်ရှိသူတစ်ဦး၊ သွားမည့်လမ်းကြောင်း စသည့် ပုံစံဖောင်အားဖြည့်ကာ ပြည်နယ်ညွှန်မှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ထို့မှတစ်ဆင့် တိုင်းအထိတင်ပြ၍ တိုင်းမှအကြောင်းပြန်ပါက လူနာအားသယ်ယူရန် စီစဉ်ထားရှိကြောင်း ဗိုလ်မှူးကြီးမင်းသန်းက ဆက်လက်ပြောကြားခဲ့သည်။

တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသည့်အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအား လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် အတားအဆီးမရှိလွတ်လပ်စွာသွားလာခွင့်ပြုရေးအဆိုအား ပြည်နယ်လွှတ်တော် က မေလ ၂၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ICRC သည် နိုင်ငံရေးမပါဘဲလူသားချင်းစာနာမှုကို အဓိကထားလုပ်ကိုင်နေသည့် အဖွဲ့အစည်းဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသည့် အရပ်သားများကို လွတ်လပ်စွာသွားလာကူညီနိုင်ရေးအတွက် လွှတ်တော်တွင် တင်ပြ ခြင်းဖြစ်ကြောင်း အဆိုရှင်ဖြစ်သည့် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ဒါဟာ ကျနော်တို့ရခိုင်ပြည်နယ်မှာ ပကတိဖြစ်ပျက်နေတဲ့အခြေအနေကို တင်ပြတောင်းဆိုထားတာဖြစ်ပါတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ် ပန်းမြောင်းဖြစ်စဉ်၊ ကုလားမတောင်ကျေးရွာဖြစ်စဉ်နှင့် ဖားပြိုကျေးရွာဖြစ်စဉ်များတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သူများသည် ဆေးကုသခွင့်မရဘဲ နိုင်ငံတကာလူ့အခွင့်အရေးများကို မကြာခဏချိုးဖောက်ခြင်းခံနေ ရကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် လက်နက်ကြီးကျည်များ ရွာထဲကျရောက်သဖြင့် အရပ်သား ၈ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲမှ လေးဦးမှာ ပုဏ္ဏားကျွန်းဆေးရုံတွင်နှစ်ဦးနှင့် စစ်တွေဆေးရုံသို့ ယူဆောင်လာစဉ် နှစ်ဦးသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

စစ်တွေဆေးရုံသို့ယူဆောင်လာသူနှစ်ဦးမှာ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အချိန်ကြန့်ကြာ စွာစစ်ဆေးခဲ့မှုကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ရွှေရောင်မေတ္တာလူမှု ကူညီရေး အသင်းမှ ပြောသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...