ရိုဟင်ဂျာများအား ပိုမို အကာအကွယ်ပေးရန် မြန်မာအား ICJ တိုက်တွန်း

ရိုဟင်ဂျာများအား ပိုမို အကာအကွယ်ပေးရန် မြန်မာအား ICJ တိုက်တွန်း

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ရင်ဆိုင်နေရသော အမှုမှ နိုင်ငံတကာတရားစီရင်ရေးခုံရုံး ICJ ၏ ယာယီအမိန့်အရ မြန်မာနိုင်ငံအနေဖြင့် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ တာဝန်ခံမှု လုပ်ငန်းစဉ် များတွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ICJ က ပြောသည်။

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအား ရိုဟင်ဂျာများ ကျယ်ကျယ်ပြန့်ပြန် သတ်ဖြတ်ခံရခြင်းနှင့် နေရပ်ပြောင်းရွှေ့ရခြင်းများအတွက် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သ‌ဘောတူညီချက်အား ချိုးဖောက်သည်ဆိုကာ စွပ်စွဲထားခြင်း ဖြစ်သည်။

၂၀၂၀ ဇန်နဝါရီ ၂၄ ရက်က ICJ ခုံရုံးမှ ချမှတ်ခဲ့သော အမိန့်အား မြန်မာနိုင်ငံက အစီရင်ခံ တင်ပြရမည့်အချိန်တွင် ICJ မှ ယခုကဲ့သို့ တိုက်တွန်းလာခြင်းပဲ ဖြစ်သည်။

“မြန်မာနိုင်ငံဟာ သူရဲ့ လုပ်ပိုင်ခွင့်အာဏာအတွင်း လူမျိုးတုံးသတ်ဖြတ်မှုမျိုးကို တားဆီးနိုင်မယ့် တရားရေးနဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုမျိုးကို မလုပ်ဆောင်ခဲ့ဘူး။”ဟု ICJ ဂျူရီအကြီးအကဲ ဆမ်ဇာရီဖီက ပြောသည်။

“တပ်မတော်အနေနဲ့ အရပ်သားတွေရဲ့ အခွင့်အရေးကို တာဝန်ခံမှု မရှိတာကြောင့် နိုင်ငံတွင်းမှာ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေက ဆက်လက်ဖြစ်ပွားနေဦးမှာ ဖြစ်တယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ တရားရုံး အမိန့်ချမှတ်ပြီးချိန်မှစကာ မြန်မာနိုင်ငံသည် အမုန်းတရား ပြန့်ပွားမှု တားဆီးရေး သမ္မတရုံး အမိန့်ညွှန်ကြားချက်၊ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်နှင့် ပတ်သက်သော လေးစားလိုက်နာမှုများနှင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးနှင့် ဆက်စပ်သော အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်အရေးတွင် အစိုးရက ကြီးမှူးဖွဲ့စည်းသည့် လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ၏ တွေ့ရှိချက်များကို အလေးအနက်ထား ပြောဆိုထားသည်။ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ စစ်ရာဇဝတ်မှုများ ကျူးလွန်မှု ရှိခဲ့ကြောင်းနှင့် ပါဝင်ပတ်သက်သော ကျူးလွန်သူများကို စစ်ခုံရုံးတွင် အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

သို့သော် မြန်မာအစိုးရသည် ၁၉၈၂ နိုင်ငံသားဥပဒေ၊ ၂၀၁၅ လူမျိုးဘာသာစောင့်ရှောက်ရေးဥပဒေနှင့် ၂၀၁၄ မြန်မာလူ့အခွင့်အရေးကော်မရှင်ဥပဒေတို့အပါအဝင် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ မရှိသေးကြောင်း ICJ က ပြောသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ တရားရေးမူဘောင်အရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတားဆီးနိုင်တာဟာ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေမျိုး အပါအဝင် နိုင်ငံတကာ တရားရေးလုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေတာပဲ ဖြစ်တယ်။”ဟု ဇာရီဖီက ပြောခဲ့သည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...