ကျောက်မဲတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ

ကျောက်မဲတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်အတွင်းရှိ လဘက်ခြံတဲတစ်ခုအတွင်း အမျိုးသမီးနှစ်ဦး လူမဆန်စွာသတ်ဖြတ်ခံခဲ့ရမှု မေ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်လိုက်သည်။

ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ ယာအေးယိန်း (အသက် ၆၀ နှစ်) နှင့် ယာအေးထွေး (အသက် ၅၀) နှစ်တို့ကို အမည်မသိလူသတ်သမားက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အသတ်ခံရသူ ဒေသခံ ၁၂ ဦးရှိသွားပြီဖြစ်သော်လည်း အမှုများမှာ လက်သည်မပေါ်ဘဲရှိသည်ဟု ဆိုသည်။

" ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ ပြည်သူလူထုသည် လက်နက်ကိုင်အဖွဲ့အစည်းများသာမက အခြားအမည်မသိ လူသတ်သမားများ၏ မကြာခဏသတ်ဖြတ်ခြင်း ခံနေရသည်။" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့၊ အထွေထွေအတွင်းရေးမှူး လွေးလှားရိန်း က''ဒီလို သတ်ဖြတ်ခံရမှုတွေက ကျောက်မဲ နဲ့ သီပေါဘက်မှာ အဓိက တွေ့ကြုံနေရပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတဲ့ မျက်မြင်သက်သေတွေ မရှိလို့ ကျူးလွန်သူ ဘယ်သူဆိုတာ ပြောလို့မရဘူး ဖြစ်နေပါတယ်။ အဓိကကတော့ အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ကျွန်မတို့ အရပ်ဖက်အဖွဲ အစည်းတွေ အနေနဲ့ လိုလားပြီး သက်သေမရှိလို့ စုံစမ်းဖော်ထုတ်မပေးနိုင်ဘူးဆိုတာကတော့ ဒီလို ရှုပ်ထွေးမှုရှိတဲ့ ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အတွက် အစိုးရအပေါ်မှာ ယုံကြည်မှုလျော့နည်းလာစေပါတယ်” ဟု ပြောသည်။

 

ရှမ်းပြည်နယ်၊ ကျောက်မဲ မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းဉာဏ် က “ ကျွန်တော်တို့ ကျောက်မဲဒေသမှာ ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေက ဒီနှစ်ပိုင်းမှာတော့ များတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကိစ္စတွေကတော့ လက်နက်ကိုင်တွေနဲ့ ပတ်သက်တာပေါ့လေ။ ဒီချောင်းချောက်ကျေးရွာ ဘက်မှာတော့ တရားဥပဒေစိုးမိုးမှုအားနည်းတယ် ပြီးတော့ ပတ်ဝန်းကျင်မှာလည်း မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီးတော့လည်း များတယ်။ ဒီအတွက်အခုလို သတ်ခံရမှုအသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။'' ဟု ဆိုသည်။

၎င်းက "အဓိကကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့လိုတယ် ပြီးတော့ နိုင်ငံရေးအရ ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ဖို့လိုတယ်။ ဒါမှပဲ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်နိုင်ပြီး ဒီလို တရားမဲ့ဖြစ်စဉ်တွေကို လျှော့ချနိုင်မှာပါ။" ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အနေဖြင့် မြန်မာနှင့်အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်တည်ငြိမ်ရေး နှင့် ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေး အတွက် တိုက်ပွဲများလျှော့ချနိုင်ရန်  ငါးကြိမ်မြောက် တစ်ဖက်သတ် အပစ်ရပ်စဲခြင်းကို ယခုနှစ် မေလ ၃ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ထုတ်ပြန်ကြေညာထားသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...