တရုတ်နယ်စပ်ကုန်စည်တင်ပို့မှုကြန့်ကြာနေခြင်းအား နှစ်ဖက်အစိုးရအဖွဲ့များ ကွင်းဆင်းစစ်ဆေးညှိနှိုင်းပေးမည်

တရုတ်နယ်စပ်ကုန်စည်တင်ပို့မှုကြန့်ကြာနေခြင်းအား နှစ်ဖက်အစိုးရအဖွဲ့များ ကွင်းဆင်းစစ်ဆေးညှိနှိုင်းပေးမည်

တရုတ်နယ်စပ်ဝင်ထွက်ဂိတ်များ ကန့်သတ်ထိန်းချုပ်ခြင်းကြောင့် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားကာ ကုန်စည်တင်ပို့မှုမှာ ဆုံးရှုံမှုတွေကြုံတွေ့နေရတာကြောင့် နှစ်နိုင်ငံ အစိုးရတွေဆွေးနွေးချက်အရ မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ပြီး ညှိုနှိုင်းပေးရန်သဘောတူညီခဲ့ကြောင်းသိရသည်။

ကုန်သွယ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက "သူတို့ရဲ့ယူနန်ပြည်နယ်ကစီးပွားကူးသန်းဌာနညွှန်ချုပ်ကနေပြီးတော့ကူမင်းမှာလည်းနိုင်ငံခြားရေးရာကောင်စစ်ဝန်ချုပ်နဲ့တွေ့တယ်။ သူတို့ကလည်းဒီကိစ္စတွေကိုမြေပြင်မှာဆင်းပြီး ကြည့်ပေးမယ်ပြောတယ်။ မနေ့ကလည်း သံအမတ်ကြီးကပြောပါတယ်။ အမြန်ဆုံးသက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပေးမယ်လို့သဘောတူထားပါတယ်’ ဟု ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် မြန်မာဘက်မှကုန်စည်များဆုံးရှုံးမှုအားဖြေရှင်းနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဝန်ကြီးဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး  H.E.Mr Chan Hia တို့မေလ ၂၁ ရက်နေ့က video conferencing ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံကူမင်းမြို့မှာလည်း မြန်မာကောင်စစ်ဝန်ချုပ်ကယူနန်ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရေးဌာနညွှန်ကြားရေးမှူး နှင့်သွားရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

လက်ရှိ COVID-19 ကာလတွင်မြန်မာ-တရုတ် နယ်စပ်ဂိတ် သုံးခုအားဖွင့်ထားသော်လည်း မြန်မာနိုင်ငံဘက်မှ တင်ဆောင်လာသည့် ကုန်စည်ကားများအား လူအဝင်လက်မခံဘဲ တရုတ်နိုင်ငံဘက်မှ လူကိုယ်တိုင် လွဲပြောင်းကာ လဲလှယ်မောင်းနှင်ရတာကြောင့် ကြန့်ကြာမှုများရှိပြီး ကုန်စည်တင်ပို့ရာတွင် အခက်အခဲများရှိနေခဲ့ခြင်းဖြစ်သည်။

 “မူဆယ်မှာဆိုရင်လည်း ကျယ်ခေါင်(တရုတ်နိုင်ငံဘက်ရှိနယ်စပ်ဂိတ်ပေါက်ရှိရာမြို့)ထဲကို ဝင်တဲ့အခါမှာ အဝင်အထွက်ကို တင်းကျပ်ထားတဲ့အတွက်ကြောင့် ကားတွေအများကြီးမသွားနိုင်ဘူးပေါ့၊ဒါကြောင့်မို့ နေ့စဉ်ကျန်တဲ့ တစ်ဝက်လောက်က ဒီဘက်မှာ ပိတ်နေတာမျိုးတွေကို ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့ ကိစ္စတွေရှိတယ် ပုပ်သိုးလွယ်တဲ့ သစ်သီးဝလံတွေကို အထူးဦးစားပေးပြီး မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ပေါ့" ဟု ညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက ဆိုသည်။

ထို့ကြောင့်နယ်စပ်ဂီတ်များတွင်မြန်မာနိုင်ငံဘက်မှတင်ပို့မည့်ကုန်ကားအရေအတွက်အလိုက် လာရောက်လဲလှယ်မောင်းနှင်ပေးမည့်လူဦးရေတိုးမြှင့်ပေးရန်နှင့်လုပ်ငန်းစဉ်ကြန့်ကြာမှုမရှိစေရေးများအားတောင်းဆိုထားကြောင်းသိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပုပ်သိုးပျက်စီးလွယ်သည့်သစ်သီးဝလံများ၊ဆန်၊ပဲမျိုးစုံ ၊ပြောင်းနှင့်ကျွဲနွားတရိစ္ဆာန်များတင်ပို့မှုများအခက်အခဲများကြုံတွေ့နေရခြင်းဖြစ်သည်။

COVID-19 မဖြစ်ခင်က နယ်စပ်ဂိတ်တွေကနေ တစ်ရက်ကိုကုန်စည်ကား ၇၀၀ ခန့်တင်ပို့နေရပေမယ့် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ ကန့်သတ်ချက်များဖြင့်ကုန်စည်တင်ပို့ ခွင့်ပြုချိန်မှာတော့ကုန် စည်ကား ၂၀၀ ခန့်သာပို့နိုင်တော့ကြောင်းသိရသည်။

တရုတ်နိုင်ငံသို့ကုန်စည်များတွင် ရာသီအလိုက်ထွက်ရှိသောသစ်သီးဝလံများဖြစ်သည့် ဖရဲ၊ သခွားမွှေး၊သရက်သီးစသော သီးနှံများသည် နှစ်နိုင်ငံနယ်စပ်မှတရားဝင်ကုန်သွယ်ခွင့်ရရှိထားကြောင်းသိရသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...