တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

ထားဝယ် — အဂတိလိုက်စားမှုနှင့် တရားစွဲဆို ခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ယခင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အား အမှုလေးမှုအတွက် ထောင်ဒဏ် နှစ် ၃၀ ချခံစေရန် တိုင်းတရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

 

ဒေါက်တာ လဲ့လဲ့မော် ဆွဲဆိုခံရသော အမှုလေးမှုကို တစ်မှုလျှင် ၁၀ နှစ်စီချမှတ်ခံရခြင်းဖြစ်သော်လည်း တတိယအမှုနှင့် စတုတ္တအမှုတို့၏ ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေခြင်းဖြစ်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ပေးခံရခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းနှင့်အတူ အမှုတွဲဖြစ်သည့် လာဘ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော GGS  ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေးကို ထောင်ဒဏ် ၁၀ နှစ်၊ ဦးအောင်မြတ် ၁၀ နှစ် နှင့် မန်နေဂျာ ကိုသူရအုံ ထောင်ဒဏ် ငါး နှစ်ဖြင့် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး တရားရုံးမှ အမိန့်ချမှတ်ပြီးနောက် တရားခံ သုံး ဦးတို့ကို ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...