ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် စာရင်းပေးထားသူ သုံးသောင်းကျော်ရှိ

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် စာရင်းပေးထားသူ သုံးသောင်းကျော်ရှိ

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ဖို့ သံရုံးကို အွန်လိုင်းကနေတဆင့် စာရင်းပေးထားသူဦးရေ သုံးသောင်းကျော်ရှိတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က ပြောပါတယ်။

စာရင်းပေးသွင်းထားသူတွေအနက် တစ်နေ့ကို လူဦးရေ ၂၀၀ခန့် ပြန်ခွင့်ပြုမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သွားလာနိုင်မှုအပေါ် မူတည်ပြီး သွားလာခွင့်အရေအတွက်ကို တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

“လက်ရှိဝင်လာမည့်သူက တစ်နေ့ကို ၂၀၀လောက်ရှိတာပေါ့။ အားလုံး ပြန်လာချင်တယ်လို့ အဆိုပြုထားတာကတော့ သုံးသောင်းလောက် ရှိပါတယ်ခင်ဗျာ။ သူတို့အဆိုပြုတဲ့ရက်အလိုက် ရှိတယ်။ ၁ရက်နေ့ ပြန်ချင်တယ် ၂ရက်နေ့ပြန်ချင်တယ် ရှိတယ်။ စောတဲ့သူကို အရင်စခေါ်တာပေါ့”ဟု ဦးတေဇာအောင်က ပြောသည်။

ထိုင်းနိုင်ငံမှာ ခရိုင်တစ်ခုနဲ့ တစ်ခု မဖြတ်ကျော်ရ အမိန့် ထုတ်ပြန်ထားတာကြောင့် ထိုင်းနိုင်ငံအနှံ့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအနေနဲ့ နေရပ်ပြန်ဖို့  နယ်စပ်ဂိတ်ရောက်ဖို့ အခက်အခဲကြုံခဲ့ရပါတယ်။ နှစ်နိုင်ငံသဘောတူညီချက်နဲ့  ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်တဲ့အခါ ခရိုင်ဖြတ်ကျော်ခွင့် သတောတူညီချက်ရရှိတဲ့ မေလ ၁၈ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးကနေ နေရပ်ပြန်မယ့်သူတွေကို online ကတဆင့် စာရင်းပေးသွင်းစေခဲ့တာ ဖြစ်ပါတယ်။

မိမိအစီအစဉ်ဖြင့် ပြန်မည့်သူတွေကလွဲပြီး စာရင်းပေးသွင်းထားသူတွေအနက် ကားခပေးချေထားပြီး အချက်အလက်ပြည့်စုံသူတွေကို ရွေးချယ်ကာ မေလ ၂၂ရက်နေ့ကစတင်ကာ သံရုံးအစီအစဉ်နဲ့  ဘန်ကောက်မြို့၊ မော်ချစ် ကားဂိတ်မှတဆင့် နယ်စပ်ဂိတ်တွေကို ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက သိရပါတယ်။

ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန်တွေကိုလည်း ကွာလတင်းထားရှိဖို့အတွက် မြဝတီခရိုင်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ စီစဉ်ထားတယ်လို့ သိရပါတယ်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...