ကိုဗစ်-၁၉ ရဲ့ အကျိုးဆက်များကို လျှော့ချကန့်သတ်နိုင်ရန် ယူကေက မြန်မာကို ကူညီ

ကိုဗစ်-၁၉ ရဲ့ အကျိုးဆက်များကို လျှော့ချကန့်သတ်နိုင်ရန် ယူကေက မြန်မာကို ကူညီ

ယူကေအစိုးရက မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် သက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင်များအတွက် လျာထားစီမံထားသော ပံ့ပိုးမှုများမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၆ သန်းခန့်ကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပျံနှံ့မှု၏ အကျိုးဆက်ကို လျှော့ချကန့်သတ်နိုင်ရန် အတွက် ခွဲဝေပံ့ပိုးလိုက်ပြီးဖြစ်သည်။ ယင်းရန်ပုံငွေသည် ယူကေက မြန်မာနိုင်ငံအပေါ် ချက်ချင်းတုံ့ပြန်ပံ့ပိုးကူညီမှု၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တခြား တာဝန်ရှိအဖွဲ့အစည်းများနှင့် အတူတကွ လက်တွဲကာ UK aid က သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ပြည်သူများအပါအဝင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှုအများဆုံးခံစားရသူများကို ဦးစားပေး ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အရှေ့တောင်အာရှအတွက် ယူကေဝန်ကြီး Nigel Adams က“မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ပိုမိုအားကောင်းလာဖို့ ကူညီရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့ ယူကေက ကြိုးပမ်းနေပါတယ်။ ဒီကြိုးပမ်းမှုတွေကတဆင့် ကမ္ဘာနဲ့အဝှမ်း လူ့အသက်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ အရေးပါတဲ့ ဝန်ဆောင်မှုများကို ကာကွယ်ခြင်းနဲ့ ကိုရိုနာဗိုင်းရစ် ပျံ့နှံ့မှုအနာဂတ်လှိုင်းတွေရဲ့ အန္တရာယ်ကို လျှော့ချခြင်းအားဖြင့် ယူကေက ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။ စိန်ခေါ်မှုများကြီးမားပြီး ခက်ခဲတဲ့ဒီလိုအချိန်မှာ ယူကေက သင်တို့နဲ့အတူတကွ ရှိနေပါတယ်။” ဟု ပြောကြားသည်။

ယူကေက ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီရန်ပုံငွေ (Access to Health Fund) မှတဆင့် အမေရိကန်ဒေါ်လာ ၁၆ သန်းနီးပါးကို  လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်သီသောဒေသများမှ ပြည်သူများအတွက် အဓိက ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပံ့ပိုးရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမှီစွာရရှိရေး ပံ့ပိုးသုံးစွဲနေသည်။

UK aid က အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT Fund) မှတဆင့် အမေရိကန်ဒေါ်လာ ၁၅သန်းနီးပါး အသုံးပြုပြီး ထိခိုက်လွယ်သော ရပ်ရွာလူထုအတွက် ဘေးကင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိသုံးစွဲနိုင်ရေး၊ အသေးစားချေးငွေများ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမှီနိုင်ရေး၊ အရေးပေါ်လူမှုကာကွယ်စောင့်ရှောက်ရေး ငွေကြေးပံ့ပိုးမှုများ မြှင့်တင်နိုင်ရေးများ ဆောင်ရွက်နေသည်။ LIFT အတွက် ရန်ပုံငွေထည့်ဝင်သော အခြားအလှူရှင်များနှင့်အတူ ယူကေ၏ ပံ့ပိုးမှုများသည် ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးစ ကလေးမိခင် ၂၄၂၀၀၀ ဦးနှင့် အသက် ၈၅နှစ်နှင့်အထက် သက်ကြီးရွယ်အို ၂၀၀၀၀၀ ဦးကို တစ်ဦးလျှင် မြန်မာကျပ်ငွေ ၃၀၀၀၀ အပိုထပ်ဆောင်း ငွေကြေးပံ့ပိုးမှု ထောက်ပံ့ကူညီနိုင်မည် ဖြစ်သည်။

UK aid က ပြည်တွင်း နေရပ်စွန့်ခွါရွှေ့ပြောင်းအခြေချနေထိုင်ရသူများနှင့် အခြားသော လက်နက်ကိုင် ပဋိပက္ခများသက်ရောက်မှု ဒဏ်ခံရသူများကိုလည်း အသက်ကယ်အကူအညီများ ပံ့ပိုးလျက်ရှိသည်။ ပြီးခဲ့သည့်လက ယူကေသည် ပရဟိတလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ကိုဗစ်-၁၉ ကာကွယ်ရေးကို ပံ့ပိုးရန်နှင့် ကူးစက်ရောဂါပျံ့နှံ့မှုကို တုံ့ပြန်ရာတွင် အလိုအပ်ဆုံးသူများ အစားအစာ၊ သန့်ရှင်းရေးနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို မရှိမဖြစ်ရယူသုံးစွဲနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၅.၅သန်း ရန်ပုံငွေပံ့ပိုးခဲ့ပြီးဖြစ်သည်။

လာမည့်နှစ်တွင်လည်း ကိုဗစ်-၁၉ တုံ့ပြန်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် အမေရိကန်ဒေါ်လာ ၁၂ သန်းကို ထပ်မံ ပံ့ပိုးမည် ဖြစ်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ UK aid က ကိုရိုနာဗိုင်းရပ်စ်စိန်ခေါ်မှုကို တုံ့ပြန်ဖြေရှင်းရန် အမေရိကန် ဒေါ်လာ ၉၂၅ သန်းခန့် အသုံးပြုမည် ဖြစ်သည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...