ကလေးမြို့မှ COVID-19 နောက်ဆုံးလူနာနှစ်ဦး Negative ပြသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ

ကလေးမြို့မှ COVID-19 နောက်ဆုံးလူနာနှစ်ဦး Negative ပြသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ

Salai Benezer — စစ်ကိုင်းတိုင်း ကလေးမြို့မှ COVID-19 ကူးစက်ခံရသူထဲမှ နောက်ဆုံးကျန်ရှိနေသည့် လူနာအမှတ် ၈၈ နှင့် လူနာအမှတ် ၁၁၄ တို့မှာ နောက်ဆုံးဆေးစစ်ချက်နှစ်ကြိမ်တွင် Negative ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်းသိရသည်။

"ဆရာ၀န်၊ ဆရာမတွေ သမားတော်တွေက လိုတဲ့ဟာအားလုံးကို လုပ်ပေးတယ်။ ကျန်းမာအောင်လည်း အစားအသောက်တွေကောင်းကောင်းကျွေးတယ်။ အိပ်စရာလည်းကောင်းကောင်းစီစဉ်ပေးတယ်ဆိုတော့ အားလုံးကိုကျေးဇူးတင်ပါတယ်" ဟု ဆေးရုံမှ ဆင်းလာသူ လူနာအမှတ် (၈၈)မှပြောသည်။

ယနေ့ ဆေးရုံမှ ဆင်းခွင့်ရသည့် လူနာနှစ်ဦးမှ လင်မယားများဖြစ်ပြီး လူနာအမှတ် (၈၈)မှတစ်ဆင့် တစ်မိသားစုလုံး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ၄င်းတို့၏ သားသမီးသုံးဦးမှာ Negative ပြသဖြင့် မေလ ၁၅ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်းသိရသည်။

ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒေါ်ရှားမီးမှ နိုင်ငံတော်အတိုင်ပင်ခံပြောသလို ပထမလှိုင်းက ကျမတို့ကလေးမြို့အနေနဲ့ကျော်ဖြတ်နိုင်ခဲ့ပြီ၊ ဒါကလည်း မြို့မိမြို့ဖတွေ အလှူရှင်တွေရဲ့အားရယ်၊ ကြိုတင်ပြီးတော့ ပြင်ဆင်နိုင်ခဲ့လို့တယ်၊ Positive လူနာမှတ် ၁ မကူးစက်ခင်ကတည်းက ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြို့မိမြို့ဖနှင့် အုပ်ချုပ်ရေးပိုင်းနှင့် ဆွေးနွေးကြရင်းနှင့် ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပါတယ်၊ Quarantine Center တွေလည်းတောက်လျောက်ထားနိုင်ခဲ့တယ်၊ အဲဒါကြောင့် COVID-19 ကို တော်တော်လေးထိမ်းချုပ်နိုင်တဲ့ အနေအထားမှာရှိပါတယ် ဟု ပြောသည်။

ကလေးမြို့တွင် COVID-19 ကူးစက်ခံရသူ ၆ ဦးရှိခဲ့ပြီး ယနေ့နောက်ဆုံးကျန်ရှိနေသည့် လူနာနှစ်ဦး ဆေးရုံမှ ဆင်းသက်ခွင့်ရခဲ့သဖြင့် ကူးစက်ခံခဲ့ရသူအားလုံး ရောဂါမှ ပြန်လည်သက်သာလာခြင်းဖြစ်သည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...