မြန်မာ့မူးယစ်တိုက်ဖျက်ရေးက ရာဘ ၁၉၃ သန်းနှင့် ဖန်သနိုင်းဆေးရည်များ သိမ်းဆည်းရမိ

မြန်မာ့မူးယစ်တိုက်ဖျက်ရေးက ရာဘ ၁၉၃ သန်းနှင့် ဖန်သနိုင်းဆေးရည်များ သိမ်းဆည်းရမိ

နာမည်ကျော် ရွှေတိဂံဒေသမှ မက်သာဖီတမင်းဆေးပြား ၁၉၃ သန်းအပါအဝင် ဖန်သနိုင်းဆေးရည်အမြောက်အများကို သိမ်းဆည်းရမိကြောင်း မြန်မာရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 ရာဘဆေးပြား ၁၈ တန်နီးပါးဖမ်းမိခြင်းမှာ လွန်ခဲ့သော နှစ်နှစ်က မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရရှိမှုနှင့် ပမာဏတူညီမှုရှိနေရာ အာရှတလွှားအများဆုံးဖမ်းဆီးရရှိမှုဖြစ်လာခဲ့သည်။ ထို့အပြင် ဓာတုဆေးဝါးတစ်မျိုးဖြစ်သော မီသိုင်းဖန်သနိုင်း ၃၇၀၀ လီတာကျော်ကိုလည်း ရှမ်းပြည်နယ်ရှိ လွိုင်ကန်ရွာအနီးတွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖန်သနိုင်းဆေးရည်သည် အလွန်စွဲအားပြင်းသော ဓါတုဆေးတစ်မျိုးဖြစ်ပြီး ဘိန်းဖြူထက် အဆ ၅၀ အားကောင်းသည်။ ဈေးနှုန်းပိုမိုသက်သာမှုကြောင့်  အမေရိကန်က ဘိန်းဖြူသုံးစွဲသူတွေကြား လူကြိုက်များလာနေခဲ့သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်တွင် တပ်မတော်၏ပံ့ပိုးမှုဖြင့် မြန်မာမူးယစ်တိုက်ဖျက်ရေးအဖွဲ့၏ နှစ်လတာကြာ စီးနင်းမှုများသည် မူးယစ်ကွန်ရက်ကို သိသိသာသာပျက်ယွင်းသွားစေသည်ဟု ဆိုသည်။ အခြားသော သိမ်းဆည်းရမိသောပစ္စည်းများတွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဓာတုဆေးရည် လီတာ ၁၆၃,၀၀၀ နှင့် ၃၅ တန်ခွဲသော ဓာတုပစ္စည်းများ၊ လက်နက်များလည်း ပါဝင်သည်။



.

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဧပြီ ၉ ရက်နေ့အထိပြုလုပ်သော အဆိုပါ စစ်ဆင်ရေးများက လူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်။  

" UNODC နဲ့အတူ ဆင်နွှဲခဲ့တဲ့ စီမံချက်တွေရဲ့ ရလာဒ်နဲ့ပတ်သက်ပြီး ကျေနပ်အားရမိပါတယ်။ ပြီးတော့ ဒါဟာ မြန်မာနိုင်ငံမှာ မူးယစ်ကုန်သည်တွေရဲ့ နောက်ဆုံးနေ့တွေရောက်နေပြီဆိုတာ ထင်ရှားစေပါတယ်။" ဟု မြန်မာမူးယစ်တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီးဇော်လင်းက ပြောသည်။

" မဲခေါင် MOU နဲ့ နိုင်ငံတကာမိတ်ဘက်တွေကို ကျွန်တော်တို့ သံဓိဌာန်ပြုထားတာကို လုပ်ဆောင်ပေးနိုင်ခဲ့တာရယ်၊ နိုင်ငံတွင်းနဲ့ ဒေသတွင်းမှာ စိန်ခေါ်လာနေတဲ့ မူးယစ်ဆေးဝါးတွေကို အခုလိုတုံ့ပြန်လိုက်နိုင်တာက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေလည်း မှတ်မှတ်သားသားရှိလိမ့်မှာဖြစ်ပြီး အလားတူလုပ်ဆောင်မှုတွေကို ကျွန်တော်တို့နဲ့ အတူလုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟုသူက ဆက်ပြောသည်။

ဖမ်းဆီးရမိသူများတွင် မြန်မာနှင့် နိုင်ငံခြားသားများပါဝင်သလို ဒေသခံ လက်နက်ကိုင်ပြည်သူ့စစ်များပတ်သက်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

" ရှမ်းပြည်နယ်တလွှား မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေနဲ့ ကုန်သွ်မှုတွေဟာ ကျွန်တော်တို့ မထင်ထားခဲ့နိုင်လောက်တဲ့ပမာဏ၊ ဘယ်သူကမျှ မမျှော်လင့်ထားတဲ့ (ရာဘ) ဆေးပြားတွေတင်မကဘဲ မူးယစ်ဆေးရည်တွေပါပါလာနေတာ" ဟု UNODC ၏အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ကလပ်က ပြောသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...