အစိုးရမှဒုတိယအကြိမ်ထောက်ပံ့မှုပေးရန် ပုံမှန်ဝင်ငွေမရှိသူများစာရင်းစတင်ကောက်ယူ

အစိုးရမှဒုတိယအကြိမ်ထောက်ပံ့မှုပေးရန် ပုံမှန်ဝင်ငွေမရှိသူများစာရင်းစတင်ကောက်ယူ

အစိုးရမှ ဒုတိယအကြိမ်ထောက်ပံ့မှုပေးရန် ပုံမှန်ဝင်ငွေမရှိသူအခြေခံလူတန်းစားများ၏စာရင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်ကျေးရွာအလိုက်စတင်ကောက်ခံနေပြီဖြစ်ကြောင်း စာရင်းကောက်ယူမှုတွင်ပါဝင် သော တာဝန်ရှိသူများထံမှသိရသည်။

အစိုးရအနေနဲ့ ပထမအကြိမ်ထောက်ပံ့မှုကို ငွေကျပ်တစ်သောင်းခွဲတန်ဖိုးရှိအခြေခံစားသောက်ကုန်တွေပေးဝေခဲ့ပြီးယခုတစ်ကြိမ်ထောက်ပံ့မှုမှာတော့ငွေကျပ်သုံးသောင်းဖြစ်သည့်ငွေကြေးထောက်ပံ့မှုသာပေးမည်ဖြစ်သည်

ထောက်ပံ့ကြေးပေးရန်ယခုစာရင်းကောက်ယူမှုတွင် အလုပ်အကိုင်နှင့်ခွဲခြားကောက်ယူမှုမျိုးမလုပ်တော့ဘဲ ရပ်ကွက်အတွင်းနေထိုင်သောအိမ်ထောင်စုအရေအတွက်အားလုံးကို ကောက်ယူပြီးရန်ကုန်တိုင်းဒေသကြီး အစိုးရထံတင်ပြထားကြောင်း လက်လုပ်လက်စားအများဆုံးရှိသည့်မြို့နယ်တစ်ခုဖြစ်သောတောင်ဒဂုံမြိဲု့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။

“အခုတစ်ခါ ကောက်တာကတော့ လဝကရဲ့ သန်ခေါင်စာရင်းအရ အိမ်ထောင်စုစာရင်းရှိတဲ့သူအကုန်လုံးကို ကောက်လိုက်တာ အကုန်တင်ပေးလိုက်တာ အခြေခံလူတန်းစားရယ်လို့မဟုတ်ဘဲ အားလုံးကိုတောင်းတော့ ကောက်ပေးရတယ် ပထမတစ်ခေါက်ကတော့ အခြေခံလူတန်းစားပေါ့ တချို့တွေလည်း အဆင်ပြေတယ်ထင်ပြီး ကျန်ခဲ့တာတွေရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ပထမအကြိမ်ပေးဝေစဉ်တုန်းကတော့ အမှန်တကယ်အလုပ်အကိုင်မရှိသူတွေရဲ့စာရင်းမပါဘဲ ငွေကြေးတတ်နိုင်သူတွေရဲ့စာရင်းတွေပါနေတာကို ပြည်သူအချိုဲ့ကဝေဖန်ခဲ့ကြသည်။ထို့ကြောင့် ဒီတစ်ကြိမ်မှာတော့ စနစ်ကျတဲ့ပေးဝေမှုမျိုးရှိသင့်တယ်ကြောင်း သိရသည်။

လတ်တလောစာရင်းကောက်ယူမှုတွင် တောင်ဒဂုံ၊ ရွှေပြည်သာအစရှိသောမြို့နယ်အချို့တွင် စာရင်းကောက်ယူပြီးစီးကာတိုင်းဒေသကြီးအစိုးရထံတင်ပြထာပြီး ကျန်မြို့နယ်များမှာတော့ ဆက်လက်ကောက်ယူဆဲ ဖြစ်သည်။

 အစိုးရအနေဖြင့်ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအားငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်ကို တစ်လအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မေလ ၁၆ရက်နေ့ကပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်း လင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကပြောသည်။

ပထမအကြိမ် သင်္ကြန်ပိတ်ရက်ကာလအတွင်း စားနပ်ရိက္ခာထောက်ပံ့မှုတွင်တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း လေးသန်းနီးပါးကို ထောက်ပံ့နိုင်ခဲ့ကာ နိုင်ငံတော် ဘဏ္ဍာငွေကျပ် ၅၀ ဒသမ ၈၄၄ ဘီလီယံသုံးစွဲခဲ့ကြောင်းသိရ သည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...