ကိုဗစ်-၁၉ ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် သူထံက မူးယစ်ဆေးဝါးများတွေ့

ကိုဗစ်-၁၉ ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် သူထံက မူးယစ်ဆေးဝါးများတွေ့
ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် အမျိုးသား(ပုံ-ဒီမိုးသွေး(မြိတ်)
ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် အမျိုးသား(ပုံ-ဒီမိုးသွေး(မြိတ်)

ကော့သောင်း — တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြည့်(Facility Quarantine Center)ဝင်နေသူကို လာရောက် တွေ့ဆုံသည့် အမျိုး သား တစ်ဦးထံမှ ယနေ့ နံနက်ပိုင်းက WY စာတန်းပါ စိတ်ကြွဆေးပြားများ စစ်ဆေး တွေ့ရှိခဲ့သည်ဟု ကော့သောင်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီက တာဝန်ရှိသူများမှ ပြောသည်။

ကွာရန်တင်း ဝယ်နေသူအား မူးယစ်ဆေးဝါးနှင့်အတူ လာတွေ့သည့် အမျိုးသားမှာ အသက် ၁၉ နှစ်အရွယ် ရှိပြီး ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲလမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က “ဖြစ်စဉ်က ဟုတ်ပါတယ်၊ မူးယစ် ဆေးဝါး တွေ မိတာပါ။ Quarantine ဝင်နေတဲ့ အထဲက တစ်ယောက်က အပြင်လူကို ဖုန်းနဲ့ လှမ်းမှာ တယ်လို့ သိရပါ တယ်၊ ဧည့်တွေ့ ယောင်ဆောင်ပြီး လာတဲ့သူက ခေါက်ကြေး ပို့ခ ၅၀၀၀ ရလို့ လာပို့တယ်” ဟု ပြောသည်။

မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ အထက (ခွဲ) အ.လ.က (၂) ကျောင်းအတွင်း Facility Quarantine Center ဝင်နေသည့် အမျိုးသား တစ်ဦးအား အစားအသောက်နှင့်မုန့် ထုပ်များ ပေးလို သည့်အတွက် တွေ့ဆုံလိုကြောင်း ပြောရာ သက်ဆိုင်ရာ တာဝန်ရှိသူများက မသင်္ကာ၍ ခေါ်ယူ စစ်ဆေးစဉ် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈ ပြားကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့သောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူကို  မယ(ပ) ၉၈/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ကွာရန်တင်းဝင်နေစဉ် မူးယစ်ဆေးဝါး မှာသည်ဟု ယူဆရသူကိုလည်း စစ်ဆေးနေကြောင်း ကော့သောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ရဲလွင်က ပြောသည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...