ကေအန်ပီပီနှင့် တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွား

ကေအန်ပီပီနှင့် တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွား

ကယားပြည်နယ် ရှားတောမြို့နယ် မြောက်ဘက် ဒေါလယ်ခူ ကျေးရွာ အနီးတွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ( ကေအန်ပီပီ ) တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ မေလ ၁၆ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရှားတောမြို့နယ် ကေအန်ပီပီ ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောသည်။

“ကျနော်တို့ ( ကေအန်ပီပီ ) တပ်ချိန်းတော့ လမ်းမကြီး ဖြတ်ကူးနေတဲ့ အချိန်မှာ အစိုးရတပ်က တက်လာတော့ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီးတော့ ရပ်တန့်သွားအောင် ဆက်မတိုးလာနိုင်အောင် ချိန်းတဲ့တပ်ကို လွတ်မြောက်အောင် ရည်ရွယ်ချက်နဲ့ ပစ်ခတ်တာ ဖြစ်တယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေ့မှာပဲ  နှစ်ဖက် ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ခလရ ၅၃၀ တပ်ရင်းမှူး မင်းမြတ် သူကို ရှားတောမြို့နယ် ဆက်ဆံ ရေး တာဝန်ခံ ဦးဘိုးရယ်က သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်များ ထိန်းထိန်း သိမ်းသိမ်းနေကြဖို့ ညွန်ကြားထားကြောင်း ဆိုသည်။

၂၀၁၉ ခုနှစ်ကလည်း ဒေါလယ်ခူကျေးရွာ အနီးမှာ ရှိတဲ့ KNPP  ထိန်းချုပ်နယ်မြေထဲကို  အစိုးရစစ်တပ်က အသိမပေးဘဲ ဝင်ရောက်လာသည့်အတွက် သတိပေးပစ်ခတ်မှုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။

KNPP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ညှိနှိုင်းနေ သည့် အဖွဲ့ ဖြစ်သည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...