ညမထွက်ရအမိန့် အစိုးရ ဖြေလျော့ပေး

ညမထွက်ရအမိန့် အစိုးရ ဖြေလျော့ပေး

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်နှင့်ပတ်သက်ပြီး မေလ ၁၅ရက်မှ စတင်ကာအချိန်နှစ်နာရီဖြေလျော့ပေးလိုက်ပြီဖြစ်သည်။

COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီး ပိုမိုလုပ် ဆောင် ရန်အတွက်ည၁၀နာရီမှ နံနက် လေးနာရီအထိ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက်က သတ်မှတ်ထားခဲ့ပြီး မေလ ၁၅ရက်မှ စတင်ကာ ည၁၂နာရီမှ နံနက် လေးနာရီအထိ ဖြေလျော့ပေးလိုက်သည့်အမိန့်ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၃ရက်က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ညအထွက်ရအမိန့်ကို အချိန်နှစ်နာရီခန့်ဖြေလျော့ပေးခဲ့ခြင်းဖြစ်သည်။

သန်လျင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က “ အချိန်က ပြောင်းလဲ လိုက်ပါတယ်။ မေလ ၁၅ရက်က စပြီး ည ၁၂နာရီဖြစ်သွားပါပြီ။ ပြောင်းလဲလိုက်တာတော့ ကောင်းပါတယ်။ အခုလည်း ညဘက်က တည်ငြိမ်တဲ့ အခြေအနေမှာရှိနေပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ကျိုင်းတုံမြို့ ၊ မုံရွာမြို့၊ ကလေးမြို့နှင့် အင်းစိန်မြို့တွင် ညမထွက်ရအမိန့်  ဖောက်ဖျက်သူများကို ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် ထောက်ဒဏ် သုံးလ ၊ထောင်ဒဏ် တစ်လ၊ ဒဏ်ငွေ ၅၀၀၀၀ ချမှတ်သည့် ပြစ်ဒဏ်တို့ကို ဧပြီလအတွင်း ချမှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မေလ ၁၃ ရက်မှ စတင်ပြီး Mask မတပ်သူများကို စတင်အရေးယူမှုများလုပ်ဆောင်နေပြီး ဒဏ်ငွေ ၅၀၀၀ရိုက်ခြင်း၊ ငွေကျပ် ၅၀၀၀ဖြင့် Mask ဝယ်ယူပြီး အပြစ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်လာကြောင်း သိရသည်။

မေလ ၁၃ရက်ကလည်း ပုဇွန်တောင်မြို့နယ်အတွင်း Mask မတပ်သူ ၁၀ဦးကိုလည်း ဒဏ်ငွေ ၅၀၀၀ ချမှတ်သည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့သေးသည်။

ထို့သို့ အစိုးရမှ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ညွှန်ကြားချက်များ၊ ဥပဒေများချမှတ်ထား သော်လည်း ပြည်သူအများစုက လိုက်နာမှုအားနည်းနေသေးကြောင်း မြို့နယ်အဆင့်တာဝန်ယူဆောင်ရွက် နေသည့် အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...