မာန်အောင်မှ သန္တာကျောက်တန်းများအား စနစ်တကျ ထိမ်းသိမ်းရန် လိုအပ်နေ

မာန်အောင်မှ သန္တာကျောက်တန်းများအား စနစ်တကျ ထိမ်းသိမ်းရန် လိုအပ်နေ

အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာကမ်းခြေတွင် တည်ရှိသည့် သန္တာကျောက်တန်းများကို စနစ်တကျထိန်းသိမ်းမှု လုပ်ဆောင်ရန်လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

အဆိုပါသန္တာကျောက်တန်းမှာ ၃ ဧကကျော် ကျယ်ဝန်းပြီး သန္တာကျောက်တန်းများ မပျက်စီးစေရန်အတွက် ကျေးရွာလူမှုအဖွဲ့အစည်းများမှ စီစဉ်နေကြပြီး အစိုးရအနေဖြင့်လည်း ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း ဒေသခံ ကိုတင်မောင်ထွေးက ပြောသည်။

“ကျောက်တွေက အခု လူတွေရောက်လာလေလေ ပျက်စီးလာလေလေ ဖြစ်တော့မယ်။ ဘာလို့လဲဆိုတော့ အဲဒီ အပေါ်ကို လူတွေတက်တယ်။ ဒီတော့ ကျောက်ခက်တွေ ကျိုးကုန်တယ်။ ဒီတိုင်းသာဆို ပျက်စီးလာမှာကို ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့ရပ်ရွာလူမှုအဖွဲ့အစည်းတွေက သန္တာကျောက်တန်းနဲ့ပတ်သက်တဲ့ အသိ ပညာပေးတာတွေကို လုပ်ဖို့စီစဉ်နေတယ်”ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်ရှိ သန္တာကျောက်တန်းမှာ ယခင်နှစ်ပေါင်းများစွာကပင် တည်ရှိနေသော်လည်း လူသိနည်းပါး ခဲ့သဖြင့် လာရောက်ကြည့်ရှုသူလည်း နည်းပါးခဲ့သည်။

ယခု ၂၀၂၀ ခုနှစ် ဧပြီလမှစတင်ကာ facebook လူမှုကွန်ယက်ပေါ်တွင် သန္တာကျောက်တန်း အလှဓါတ်ပုံများ တင်ခဲ့ရာမှ ယခုအခါ တစ်နေ့လျှင် လူဦးရေရာနှင့်ချီပြီး လာရောက်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။

“အရင်တုန်းကတော့ လူတွေမသိတော့ သိပ်မလာဖြစ်ဘူး။ အခုတော့ လာကြည့်သူတွေများတယ်ဗျာ။ နေ့စဉ် ပုံမှန် ရောက်နေတယ်။ လာတဲ့ လူတွေအနေနဲ့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့လိုနေတယ်။ သန္တာကျောက်တန်း မပျက်စီးအောင်ပေါ့” ဟု ဒေသခံ ကိုကျော်လင်းဦးက ပြောသည်။

ထို့အပြင် လာရောက်ကြည်ရှုသူအချို့မှာ သန္တာကျောက်များအားချိုးဖဲ့ကာ အိမ်သို့ ယူဆောင်သွားမှုများလည်း ရှိနေကြောင်း ဒေသခံများကဆိုသည်။

သန္တာကျောက်တန်းများမှာ ရေနေသတ္တဝါများ မှီတင်းနေထိုင်ရာနေရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် တနသာၤရီ တိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွင် အများဆုံးတွေ့ရလေ့ရှိကာ ကိုးကိုးကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းတို့တွင်လည်း အနည်းအကျဉ်းရှိကြောင်း သိရသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...