တောင်ကုတ်မြို့နယ် ANP ဒု-ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

တောင်ကုတ်မြို့နယ် ANP ဒု-ဥက္ကဋ္ဌအပါအဝင် ၃ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

ခင်သရဖီဦး — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP)၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝေသောင်းအပါ အဝင် ၃ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် တောင်ကုတ်ရဲစခန်းတွင် အမှုဖွင့်လှစ် ထားကြောင်း သိရသည်။

ယနေ့မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ၎င်းတို့သုံးဦးအား တောင်ကုတ်မြို့နယ်တရားရုံး၌ ချုပ်ရမန်ယူခဲ့ပြီး တရားရုံးမှအထွက်တွင် ပုဒ်မ၅၀(က)ဖြင့်အမှုဖွင့်ခံထားရသည့်အကြောင်းကို ၎င်းတို့မှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုအမှုဖွင့်ခံရသူ ၃ ဦးမှာ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)၏ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ယခင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးစန်းငွေတို့ဖြစ်ကြသည်။

ယနေ့တရားရုံးမှအထွက်တွင် ဦးဝေသာအောင်က “ဒါဟာ မတရားလုပ်တာတစ်ခုပါပဲ၊ ကျွန်တော်တို့နားလည်တာက ဒီလူတွေဟာ ဒီမြို့နယ်မှာ တကယ့်ကောင်းကျိုးလုပ်တဲ့သူတွေပဲ။ ဒီမှာ အထောက်အထားအခိုင်အမာ မရှိဘဲနဲ့ တမင်တကာ လက်ထိပ်ခတ်တာတို့၊ လူပုံအလယ်မှာ စွပ်စွဲတာတို့က တကယ့်အခွင့်အရေး ချိုးဖောက် တာပဲ”ဟု ပြောကြားခဲ့သည်။

တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ပါတီဝင်အချို့၏လုံခြုံရေးကို “တောင်ကုတ် ဗဟိုသတင်း Facebook အကောင့်” မှ တိုက်ခိုက်သည်ဆိုသည့် အကြောင်းနှင့်ပတ်သက်ပြီး ဦးဝေသောင်းပါ သုံးဦးအား ယခုကဲ့သို့စွဲဆိုခြင်းဖြစ်သည်ဟုသိရကြောင်း ဦးဝေသောင်း၏သားဖြစ်သူ ကိုဖြိုးကပြောသည်။

ဦးဝေသောင်းပါသုံးဦးအား ချုပ်ရမန် ၁၄ ရက်ယူထားသဖြင့် လာမည့်မေလ ၁၅ ရက်နေ့တွင် ချုပ်ရမန် ပြည့်မြောက်မည်ဖြစ်သည်။

ဦးဇေယျကျော်က “ကျွန်တော်က လက်ရှိစည်ပင်ဥက္ကဋ္ဌအသစ်ပေါ့။ အဲဒီတော့ ကျနော်စည်ပင်ဥက္ကဋ္ဌအသစ် ဖြစ်တည်မှုကို မလိုလားတဲ့လူတစ်စုက လုပ်ကြံပြီးတော့မှ ပြစ်မှုမြောက်အောင်လုပ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

၎င်းတို့သုံးဦးအား စွဲဆိုထားသည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)သည် အနိမ့်ဆုံးထောင်ဒဏ် (၁၀)နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မလည်း ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီးခံရသူများနှင့် စွဲဆိုသည့်ပုဒ်မသည် သက်ဆိုင်မှုမရှိကြောင်း ANP ပါတီ တောင်ကုတ် မြို့နယ်၏ မြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသန်းဝင်းက ဆိုသည်။

“တစ်ဖက်ကလူတွေရဲ့ မဟုတ်မမှန် သတင်းပေးတဲ့အပေါ်မှာ အခြေခံပြီးတော့ အောက်ခြေမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ဒါတွေကို တိတိကျကျ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ရမ်းသမ်းပြီးလုပ်နေကြတယ်လို့ မြင်တယ်။ အခုအဖမ်းခံရသူတွေဟာ သူတို့ကိုစွဲဆိုထားတဲ့ပုဒ်မတွေနဲ့ တစ်ခုမှမဆိုင်ဘူးလို့မြင်တယ်” ဟု ၎င်းကပြောသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...