မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ်(၂) လာမည့် သြဂုတ်လကုန် ပြီးစီးမည်ဟုသိရ

မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ်(၂) လာမည့် သြဂုတ်လကုန် ပြီးစီးမည်ဟုသိရ

ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင်(၆၈/၅)တွင် တည်ဆောက်နေသည့် မဏိပူရ် မြစ်ကူး ဗားရ်တံတား အမှတ်(၂) ကို သြဂုတ်လ ၃၀ ရက်နေ့အပြီး တည်ဆောက်နေကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယူက ဆိုသည်။

လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယူက “ လက်ရှိဆောက်နေတဲ့ မဏိပူရ်မြစ်ကူး ဗားရ်တံတား အမှတ်(၂)ကို ကျပ်သန်းပေါင်း ၄၀၅၀ သန်း အသုံးပြုပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ တံတားအရှည်က ၅၅၈ပေ ဖြစ်တယ် အကျယ်ကတော့ ပေ ၃၀ ဖြစ်တယ်။ နောက်ပြီး တံတားပြီးမယ့်ရက်က သြဂုတ်လ ၃၀ ရက်နေ့ဖြစ်တယ်”ဟု ပြောသည်။

မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ်(၂) တည်ဆောက်လိုက်ရာ တံတားချဉ်းကပ်လမ်း ဆောင်ရွက်ရာတွင် ဖြတ်သန်းသွားသော မြေ၊ ဥယျာဉ်များ အချို့ပျက်စီးသွား ခဲ့ရပြီး နက်နာကြေးများလည်း ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယူက “တံတားတည်ဆောက် လိုက်လို့ တချို့တောင်ယာ၊ ဥယျာဉ် စတဲ့ ထိခိုက်နစ်နာ သူတွေရှိတယ် ဒါကြောင့် ကာယကံရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပျက်စီးသွားတဲ့ တန်ဖိုးနဲ့ အညီလျော်ကြေးပေးပြီးပြီ။ အဲဒီမှာ ဘောလုံးကွင်း တစ်ကွင်းလည်း လမ်းဖောက်လုပ်တဲ့အထဲ ပါသွားတော့ ဘောလုံးကွင်းတစ်ခုကိုလည်း တံတားစီမံကိန်းအဖွဲ့က အသစ်လုပ်ပေးမယ်”ဟု ပြောသည်။

လက်ရှိတည်ဆောက်နေသည့် မဏိပူရ်မြစ်ကူး ဗားတံတားမှာ ယခင် တံတားထက် ပိုမြင့်အောင်နှင့် မိုးရာသီတွင်လည်း တံတားပေါ် ရေကျော်တတ်ခြင်းမျိုး စိုးရိမ် စရာမရှိရန်နှင့် အန္တာရယ်မရှိ အောင် ပူပန်စရာ မလိုအောင် တည်ဆောက်ထားကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကဆိုပါသည်။

မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ်(၂)၏ တံတားခံနိုင်ဝန်သည် AASHTO HS-25 ရှိပြီး တံတားစီမံကိန်းအဖွဲ့(၁)မှ တည်ဆောက်လျက်ရှိရာ စီမံကိန်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...