ကျပ် ၁.၅ ဘီလီယံဖြင့် ဟားခါးမြို့တွင်း ရေပေးဝေနိုင်ရန် ရေလှောင်ကန် အသစ်တည်ဆောက်မည်

ကျပ် ၁.၅ ဘီလီယံဖြင့် ဟားခါးမြို့တွင်း ရေပေးဝေနိုင်ရန် ရေလှောင်ကန် အသစ်တည်ဆောက်မည်

ဟားခါးမြို့ ရေပေးဝေနိုင်ရေးအတွက် သန်းပေါင်းများစွာ ကုန်ကျခံတည်ဆောက်သော်လည်း လိုအပ်ချက်များရှိနေသည့်အတွက် ရေလှောင်ကန် အသစ်ထပ်မံတည်ဆောက်ရန် ကျပ် ဘီလီယံ ၁.၅ ကို မေလ ၄ ရက်တွင်ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦး အောင်လျန်က “လွှတ်တော် ဥက္ကဌပြောသည့်အတိုင်း ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ဖြစ်ပြီး နှစ်စဉ်ရေပေးဝေရတယ်၊ ဒီအတွက် အရင်နှစ်များတွင်လည်း ဘတ်ဂျက်ချထားခဲ့ပြီး စုစုပေါင်း ကျပ် ၁၂ ဘီလီယံ အသုံးပြုခဲ့သော်လည်း ယနေ့ထိ ထိရောက်မှုမရှိသေးဘူး၊ အမြဲတမ်း ရေပေးဝေနေရတယ်၊ အဲဒါကြောင့် ရေလှောင်ကန်သစ်ဆောက်ဖို့ ကျပ် ၁.၅ ဘီလီယံ ကို ကျွန်တော်တို့ အများသဘောတူအရ ချမှတ်ခဲ့တယ်” ကပြောသည်။

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ဟားခါးမြိုရေပေးဝေရေးအတွက် ကျပ် ၁၂ ဘီလီယံကျော် ကုန်ကျခံပြီး၊ ယနေ့ထိ ထိရောက်မှုမရှိခဲ့ပြီး ဆက်လက်ဘတ်ဂျက်ချထားခြင်းသည် အဓိပ္ပါယ်မဲ့ရာရောက်ကြောင်း ချင်းလူမှုအဖွဲ့အစည်းတွင် လှုပ်ရှားနေသည့် ကိုတားတွောင်ကယခုလို သုံးသပ်သည်။

သူက “ချင်းပြည်နယ်မှာ အခုနောက်ပိုင်း ရေပြဿနာက မြို့တိုင်းကြုံရတာလေ နောက်ပြီး ဘတ်ဂျတ်ခွဲရေးအပိုင်းကိုကြည့်ရင်လဲ ပြောစရာအများကြီးပေါ့နော် ကျနော်တို့မြင်တာကတော့ ပြည်နယ်အစိုးရအနေနဲ့ ရေကိစ္စကို သေချာစနစ်တကျလုပ်မှ ရမယ် ဒါနဲ့ပတ်သက်ပြီး ကျပ် ၁၂ ဘီလျံလောက်ကုန်ကျထားတဲ့ ပရောဂျက်တခုကိုနောက်ကနေဆက်လိုက်ရဆဲဆိုရင် အဓိပ္ပါယ်တော့ မဲ့နေတယ်လို့ မြင်တယ်” ဟု ဆိုသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ ရေပေးဝေရေး စီမံကိန်းသည် ပြီးခဲ့သည့် ဦး သိန်းစိန်အစိုးရလက်ထက်မှ စတင်တည်ဆောက်ခဲ့ပြီး၊ ယနေ့ထိ ၁၂ ဘီလီယံကျော်အသုံးပြုခဲ့သော်လည်း မြို့တွင်းရေ ကောင်းမွန်စွာမဖြန့်နိုင်သေးကြောင်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...