ဟားခါးမြို့ Facility Quarantine ထားရှိမှုတွင် အဆင်ပြေနေသော်လည်း အစိုးရ ကူညီမှုကြောင့်မဟုတ်ဟုဆို

ဟားခါးမြို့ Facility Quarantine ထားရှိမှုတွင် အဆင်ပြေနေသော်လည်း အစိုးရ ကူညီမှုကြောင့်မဟုတ်ဟုဆို

Shing Mang — ဟားခါးတက္ကသိုလ်တွင် Facility Quarantine ထားရှိသူများသည် အပြင်မှ အဖွဲ့အစည်းများ ကူညီမှုကြောင့်သာ အဆင်ပြေနေပြီး အစိုးရဘက်မှ ကူညီမှု တစ်ခုမှ မရှိဟု စောင့်ကြည့် လူနာ တချိူ့ထံမှ သိရသည်။

"ကျွန်တော်တို့က အဆင်ပြေတယ်။ အပြင်က အဖွဲ့စည်းလေးတွေ ကူညီပေးလို့ပေါ့နော် ဒါပေမယ့်အဆင်ပြေတယ်ဆိုတာ အစိုးရ ကူညီတာ တစ်ခုမှမရှိဘူး ၊ အပြင်က အဖွဲ့စည်းတွေ ဘာသာရေးတွေ ဒါတွေကြောင့် အဆင်ပြေတာပါ" ဟု Facility Quarantine ဝင် Pu Cia That က ပြောသည်။

အိမ်သာ၊သန့်ရှင်းရေးတွင် လည်း အတွင်းကျကျ လုပ်ဆောင်မှု မရှိပဲ အပြင်မှ သာ စောင့်ရှောက်မှု များလုပ်နေခြင်းကြောင့် အခက်ခဲများရှိနေပြီး ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း အတွင်းကျကျ စောင်ရွက်မှု့ မရှိဟုလည်း သိရသည်။အိမ်သာကို စောင့်ကြည့်လူနာများမှ ကိုယ်ထူကိုယ်ထ ပြင်ဆင်မှုများ လုပ်ခဲ့ပြီး ယခုမှ သာ အနည်းနှင့်အများ အသုံးပြုနိုင်သည်ဟုသိရသည်။

"ကျွန်တော်တို့ ဝင်လာကတည်းက သူတို့ လုံးဝမစီစဉ်ခဲ့တာက ရေနဲ့ အိမ်သာဖြစ်တယ်၊ ရေက အခုထိလည်း ပုံမှန်လာတာမရှိပြီး ကျွန်တော်တို့ ပြောမှ ဖွင့်ပေးတယ်၊အိမ်သာက သူတို့လည်း အထဲဝင်ပြီး လုပ်ဖို့ အဆင်မပြေတော့ ကိုယ့်ဟာကိုပဲ လုပ်နေတယ် ၊အိမ်သာပိုက်တွေထဲ မှာလည်း ရွံ့တွေပဲ ပြည့်နေတယ် ၊မနေ့က နည်းနည်း ကိုယ့်ဟာကိုယ် ပြင်လိုက်တော့ အခု နည်းနည်းသုံးလို့ ရတဲ့ဟာတွေတော့ ရှိလာပါပြီ၊"ဟု Facility Quarantine ဝင်သူ တစ်ဦးက ပြောသည်။

Quarantine စဝင်သည့် ဧပြီလ ၂၉ ရက်နေ့မှ စပြီး အိမ်သာနှင့် ရေ အဆင်မပြေမှုများ ဖြစ်နေပြီး အိမ်သာပြင်ရန် ပြောထားသော်လည်း ၃ရက်အတွင်း ပြင်ဆင်ပေးမှု မရှိသည့် အတွက် ကိုယ်ထူကိုယ်ထ ပြင်ဆင်ကာ အသုံးပြုလျက်ရှိပြီး တာဝန်ရှိသူများမှ အတွင်းကျကျ ဆောင်ရွက်မှု လုံးဝမရှိကြောင်းလည်း ပြောသည်။

Pu Cia That မှ "အိမ်သာလည်း ကောင်းကောင်းမကြည့်ပေးဘူး၊အိမ်သာသန့်ရှင်းရေးပိုင်းမှာ လည်း ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေမရှိဘူးလား ၊ ကျန်းမာဖို့အတွက် သန့်ရှင်းရေးလုပ်ပေးဖို့က ဘယ်သူ့တာဝန်လဲ ၊ ကျန်းမာရေးဘက်မှာလဲ စိတ်ဓတ်ခွန်အားဘယ်သူကပေးမှာလဲ၊အိမ်သာ သန့်ရှင်းရေးလုပ်ပေးဖို့လဲ ကျန်းမာရေး ဝန်ထမ်းတွေ ဘာကြောင့် မဝင်တာလဲ၊ဘာလို့ မဝင်ရဲတာလဲ၊ကျွန်တော်တို့ကို ကျန်းမာစေဖို့ ထားတဲ့နေရာမှာ ဆရာဝန်တွေက အစ ဘာလို့ လာမစစ်တာလဲ၊ဒီအိမ်ထဲမှာ သူတို့ရောဂါပိုးထားတာလာ၊ကျွန်တော်တို့ကို ဒီထဲမှာ ထားပြီး အကုန်သေပါစေ ဆိုပြီး ထားတာလား ၊ ကျွန်တော် တို့ အရမ်းဝမ်းနည်းတယ် ၊ဆေးရုံအုပ်ကိုယ်တိုင်လည်း လာတယ် ဘာလို့အထဲကို မစစ်ဆေးတာလဲ၊ အစိုးရဘက်လည်းကျန်းမာရေးပိုင်းမှာ စုံညီမှု ရှိသလား၊ဘာလို့ မစစ်ဆေးတာလဲ၊ ထွေအုပ်ဘက်မှာလည်း ခရိုင်ရော မြို့နယ်ရော ၊ပြည်နယ်အဆင့်ရောလာတယ် ၊အပြင်ဘက်ကနေပဲ ကြည့်ကြတယ်၊ အထဲမှာ ဘာတွေလိုအပ်လဲ၊ ဘာတွေလိုလဲ ၊ဘာလို့ အထဲကို မဝင်ကြတာလဲ " ဟု ဆိုသည်။

Facility Quarantine ဝင်သူများ စောင့်ရှောက်မှု အနေအထားတွင် လည်း Pu Cia That မှ " သူတို့ လုပ်ဆောင်မှုပေါ်မှာ ကျွန်တော်အံ့သြတာက ကျွန်တော်တို့ အားလုံးရဲ့ အဖြေက Negative ပြတယ် ဆိုတဲ့နေ့မှာ လာပြီး ပိုးသတ်ဆေးဖြန်းတယ်၊ ပြီးတော့ ကျွန်တော်တို့ နေတဲ့ အိမ်ကို ကြိုးနဲ့ဝိုင်းပြီးကာထားတယ်၊ လုံခြုံးရေး ရဲတွေ လူငယ်အဖွဲ့တွေနဲ့ စခန်းချပြီး ကျွန်တော်တို့ကို စောင့်တယ် ၊ကျွန်တော်တို့ က သူခိုးတွေလား ထောင်ကျနေတဲ့သူတွေလား ၊ အစိုးရက ပြည်သူနဲ့ပေါင်းပြီး ဒီရောဂါကိုကာကွယ်ဖို့ လိုတယ်လို့ပြောတယ် ၊ဒါပေမယ့် ဒီလို ရဲတွေ လူငယ်အဖွဲ့တွေ စခန်းချပြီး လာစောင့်တာနဲ့ ဒီရောဂါ ကပျောက်မှာ မဟုတ်ဘူး၊သူတို့ နေ့ရော ညရောစောင့်နေတာ က ရောဂါပျောက်မှာလား၊

ဒီQuarantine လုပ်ဖို့ စိတ်အားထက်သန်ပြီးလာတာ ဘယ်သူက ပြေးမှာ မို့လို့လဲ ၊ လူငယ်တွေ စခန်းချပြီး လာစောင့်ပေးရင်လည်း ရောဂါက ပျောက်မှာ မဟုတ်ဘူး၊" ဟု ပြောသည်။

"သူတို့ အဲလို လုပ်ဖို့က လူအင်အား လောက်မှာ မဟုတ်ဘူး၊ တစ်ချို့နေရာက Volunteer တွေက လုပ်ပေးတာတွေလည်းရှိတယ်၊ မနက်ဖြန်ကစပြီး လူငယ်အဖွဲ့ က သူတို့ကို သူတို့ လုပ်တတ်ဖို့ Guide Line တွေ ဖွင့်ပေးမှာတော့ ရှိတယ်" ဟု HAKHA COVID-19 RESPONSE COMMITTEE မှ အတွင်းရေးမှူး Dr.Cung Pi က ပြောသည်။

လက်ရှိဟားခါးတက္ကသိုလ်တွင် Facility Quarantine ထားရှိသူ ၅၁ဦးရှိပြီး ၄၈ဦး မှာ Negative ဖြစ်ပြီး ကျန်သုံးဦးမှာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...