YBS ခရီးစဉ်အခေါက်ရေကြေး ပြန်လည်တိုးမြှင့်ပေးရန်YUPTအများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်မောင်းများ တောင်းဆို

YBS ခရီးစဉ်အခေါက်ရေကြေး ပြန်လည်တိုးမြှင့်ပေးရန်YUPTအများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်မောင်းများ တောင်းဆို

COVID-19 ဖြစ်ပွားနေသည့်ကာလတွင် ခရီးသည်နည်းပါးမှုကြောင့် YUPT အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ YBS ခရီးစဉ်အခေါက်ရေကြေးများကို လျော့ချထားသဖြင့် ယာဉ်မောင်းများအတွက် အဆိုပါ အခေါက်ရေကြေးကို တိုးမြှင့်ပေးရန် ယာဉ်လိုင်းအချို့ စုပေါင်းကာ မေလ ၄ရက်နေ့က တောင်းဆိုထားကြောင်း YUPT ယာဉ်မောင်းသူများသမဂ္ဂခေါင်းဆောင် ကိုအောင်သူက ပြောသည်။

“ကျွန်တော်တို့ကို အပြင်က သိထားတာ YRTA ကလည်း သိထားတာက လခစားတွေလို့ပဲ ဒါပေမယ့် ကျွန်တော်တို့က အခေါက်ကြေးစားတွေ ဒီနေ့မောင်းရင် ရမယ် မမောင်းရင် မရဘူး၊ ဒီကုမ္ပဏီက အခေါက်ကြေးနဲ့ပဲ ပေးတယ်” ဟု ၎င်းက ဆိုသည်။

ယာဉ်မောင်းများမှာ ယခင်က ခရီးစဉ်တစ်ကြောင်းကို ၅၀၀၀ကျပ် ဝန်းကျင် ရရှိပြီး ယခု Covid-19 ဖြစ်ပွားနေသည့် ကာလအတွင်း ယခင်ရရှိသည့်နှုန်း၏ သုံးပုံတစ်ပုံသာ ရရှိကြောင်း ပြေးဆွဲသည့် အခေါက်ရေကိုလည်း လျှောချထားကြောင်းယာဉ်မောင်းအချို့ထံမှ သိရသည်။ ထိုသို့လျော့ချမှုများအားမေလ ၁ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်သည်။

YUPT Co. LTD ပိုင် YBS ၂၈ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက “ ၅၀၀၀ကနေ ကိုဗစ်ကို ခေါင်းစဉ်တည်ပြီး ၁၅၀၀ ပြောင်းချလိုက်တယ်။ ၁၅၀၀က ဘယ်လိုမှအဆင်မပြေဘူး ယာဉ်အစီးရေကို အပြည့်မဆွဲခိုင်းတော့ ယာဉ်မောင်းတွေက ပုံမှန်ဝင်ငွေမရှိဘူး။ ဂိတ်မှာကလည်း အခေါက်ပြည့်လွှတ်ပါမယ်ဆိုပြီး အမှန်တော့ အခေါက်ရေမပြည့်အောင် အချိန်ဆွဲထားတော့ လေးခေါက်ရမယ့်သူက သုံးခေါက်နဲ့ ပြန်ရတယ်” ဟု ပြောသည်။

လက်ရှိ COVID-19 ကြောင့် နေအိမ်အပြင်မထွက်ရန် အစိုးရကတားမြစ်ပြီးနောက် ဘတ်စ်ကားစီးနင်းသူ အရေအတွက်မှာ ယခင်ကထက် သိသိသာသာ လျော့နည်းလာခဲ့ပြီး ရုံးတက်ချိန်၊ ရုံးဆင်းချိန်များတွင်သာ စီးနင်းသူ ရှိကြောင်း ယာဉ်မောင်းများက ပြောသည်။

ယာဉ်လိုင်း အခေါက်ရေကြေးများကို ခရီးစဉ်တစ်ကြောင်းစာအတွက် ၅၀၀၀ ရရှိသူသည် ၃၀၀၀ကျပ်၊ ၆၀၀၀ကျပ် (ခရီးရှည်) ရရှိသူသည် ၄၀၀၀ကျပ်သို့  တိုးပေးရန်၊ ယာဉ်မောင်းများ တစ်ရက်ဆင်း တစ်ရက်နားစနစ်ဖြင့် ပြေးဆွဲရန် ယာဉ်မောင်းများနှင့် သဘောတူညီမှု ရရှိထားကြောင်း YUPTမှ တာဝန်ရှိသူများထံမှ သိရသည်။

YUPTမှ ရှယ်ယာရှင်တစ်ဦး ဖြစ်သည့် ဦးထိန်ဝင်းက “အခေါက်ရေကိုတော့ ဘယ်သူမှ မလျော့ပါဘူး သွားရင်းနဲ့ နေ့ခင်း နေ့လယ်ဆို ကားပေါ်မှာ လူမရတော့ဘူး လေး၊ငါးယောက်နဲ့ တစ်ခေါက်သွားနေရတဲ့အတွက် ဂတ်စ်ဖိုးတောင် ပြန်မရတဲ့သဘောရှိတယ် နှစ်ခေါက်ဆွဲမယ့်အစား တစ်ခေါက်ဆွဲတယ် ခရီးသည်အပေါ် မူတည်ပြီး အတိုးအလျော့ လုပ်တာပါ”ဟု ဆိုသည်။

 YRTA အနေဖြင့် အစိုးရရုံးများ၊မပိတ်သေးသည့်စီးပွားရေးလုပ်ငန်းများတွင်လုပ်နေရဆဲ ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲ မရှိစေရန် ယာဉ်အစီးရေ လျော့ချပြေးဆွဲမှု မပြုလုပ်ရန်နှင့်ပုံမှန်အတိုင်းပြေးဆွဲရန် ညွှန်ကြားထားပြီး ကုမ္ပဏီများမှ YRTAသို့ နေ့စဉ်ပေးဆောင်ရသည့် စီမံအုပ်ချုပ်ကြေး ၄၀၀၀ကျပ်ကိုလည်း ကင်းလွှတ်ခွင့်ပြုထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှုး ဒေါက်တာ မောင်အောင်က ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၀၀ကျော်ရှိပြီး YUPT အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင် YBS ယာဉ်လိုင်းလမ်းကြောင်း ၂၀ကျော် ရှိပြီး ယာဉ်မောင်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...