ဆူရ်ဘုန်လေယာဉ်ကွင်းကို မူလရည်မှန်းသည့်အတိုင်း မေလတွင် အပြီးသတ်၊ ဇွန်လတွင် ဖွင့်လှစ်မည်

ဆူရ်ဘုန်လေယာဉ်ကွင်းကို မူလရည်မှန်းသည့်အတိုင်း မေလတွင် အပြီးသတ်၊ ဇွန်လတွင် ဖွင့်လှစ်မည်

Salai C.Lian - ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် အစိုးရ လုပ်ငန်းများ နှောင့်နှေးမှုများရှိခဲ့သော်လည်း ဖလမ်းမြို့တွင် တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေယာဉ်ကွင်းကို မေလတွင် အပြီးသတ်ပြီး ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “နဂိုကတည်းက ကျွန်တော်တို့ မေလမှာ ပြီးအောင် လုပ်မယ်ဆိုပြီး ရည်မှန်းတဲ့အတိုင်း ဆက်တိုက် လုပ်နေတယ်၊ ဇွန်လမှာ ဖွင့်ပွဲ လုပ်မယ်ပေါ့၊ ဆိုတော့ ကျွန်တော်တို့ အခုလည်း လုပ်သား ၃၀၀ ကျော်က ဆက်တိုက် လုပ်နေတယ်၊ လုပ်သားတွေကလည်း မပြန်နိုင်ကြဘူး၊ အဲဒီမှာ လုပ်တဲ့သူကိုလည်း ရောဂါကူးစက်မှု ကာကွယ်တဲ့ အနေနဲ့ သီးခြား နေခိုင်းတယ်၊ သူတို့တွေက လုပ်ငန်းခွင်ကနေ အပြင် ထွက်လို့လည်း မရဘူး၊ အပြင်က လူတွေလည်း ဝင်လို့မရဘူး၊ လုပ်ငန်းရည်မှန်းချက်အတိုင်း ဒီလမှာတော့ အကုန်ပြီးမှာပါ ဇွန်လမှာတော့ ဖွင့်နိုင်အောင် ဆက်တိုက်လုပ်နေပါတယ်” ဟု ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း လက်ရှိ ကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးမှုများလည်း ကြုံတွေ့ရကြောင်း ဦးစိုးထက်က ပြောသည်။

ဝန်ကြီးဦးစိုးထက်က “အခု ကပ်ရောဂါ ဖြစ်တဲ့ချိန်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်ဘတ်ဂျက်နဲ့ လုပ်တဲ့ လုပ်ငန်းတွေ ရှိတယ်၊ အဲဒါတွေက ပညာရေး၊ ကျန်းမာရေး၊ ဌာနဆိုင်ရာ အဆောက်အဦ၊ လမ်း၊ တံတားတွေ အများကြီး ရှိတယ်၊ အဲဒါတွေက သတ်မှတ်ထားတဲ့ အချိန်မှာ ပြီးဖို့ မလွယ်ဘူး၊ ပစ္စည်းတွေလည်း ဝယ်လို့ မရဘူး၊ အလုပ်သမားတွေလည်း လူစုလို့ မရဘူး ဖြစ်နေတယ်၊ လုပ်ငန်းတော့ နည်းနည်း နောက်ကျတာတွေ ရှိမယ်” ဟု ပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု လက်ရှိအခြေအနေမှာ ၇၅ ရာခိုင်နူန်း ပြီးစီးပြီ ဖြစ်သည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...