ပလက်ဝသို့ ရိက္ခာသယ် ယာဉ်တန်းကို AA ချောင်းမြောင်း ပစ်ခတ်

ပလက်ဝသို့ ရိက္ခာသယ် ယာဉ်တန်းကို AA ချောင်းမြောင်း ပစ်ခတ်

ပလက်ဝဒေသခံများအတွက်  ရိက္ခာ သယ်ဆောင်လာသည့် ခြောက်ဘီးယာဉ် ငါးစီး  AA အဖွဲ့၏ ပစ်ခတ် တိုက်ခိုက်မှု ခံရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က လှူဒါန်းထားသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် ဆန်အိတ် ၁၀၀၀ ကို တင်ဆောင်လာကြောင်း သိရသည်။

WFP ထောက်ပံ့ရိက္ခာနှင့် တပ်မတော်က လှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများကို ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အဖွဲ့ နှောက်ယှက် ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြိုးစားအားထုတ်၍ ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှ စတင်ထွက်ခွာခဲ့ပြီး WFP မှ ခြောက်ဘီးယာဉ်ငါးစီးက နောက်မှကပ်လျက် လိုက်ပါကာ ယာဉ်ပေါ်လိုက် လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် လုံခြုံရေးဆောင်ရွက် ၍ ထွက်ခွာခဲ့ကြောင်း၊ ယင်းသို့ထွက်ခွာခဲ့ရာ ဆမီးမြို့၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့ အရောက်၌ AA အဖွဲ့က နောက်မှလိုက်ပါလာသည့် WFP မှ မော်တော်ယာဉ်များကို ဦးတည် ပစ်ခတ်ခဲ့ပြီး လမ်းလုံခြုံရေးဆောင်ရွက်နေသည့် အဖွဲ့များနှင့်ယာဉ်ပေါ်ပါ လုံခြုံရေးအဖွဲ့များမှ ပြန်လည်ပစ်ခတ်သဖြင့် အေအေ တပ်များပြန်လည်ဆုတ်ခွာသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ်ခတ်မှုများကြောင့် WFP မှ ယာဉ်မောင်း ပခုက္ကူမြို့နေ ဦးဝင်းကိုအောင်၏မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ခြောက်ဘီးယာဉ်၏ ဆီတိုင်ကီနှင့် ရှေ့လေကာမှန် လက်နက်ငယ်ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အခြားမော်တော်ယာဉ် လေးစီးတွင်လည်း ရှေ့ / နောက်လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက်စီးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ခုခံကာကွယ်ခဲ့မှုများကြောင့် အဆိုပါထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို မနေ့ညနေ ၄ နာရီခွဲခန့်တွင် ပလက်ဝနယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ရောက်ရှိအောင် ပို့ဆောင်ပေး နိုင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့ မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ပလက်ဝမြို့သို့ ရိက္ခာများ ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...