ကိုဗစ် - ၁၉ လူနာအမှတ် (၁) ဆေးစစ်ချက် ခြောက်ကြိမ်မြောက်တွင် ပိုးမတွေ့ရတော့

ကိုဗစ် - ၁၉ လူနာအမှတ် (၁) ဆေးစစ်ချက် ခြောက်ကြိမ်မြောက်တွင် ပိုးမတွေ့ရတော့

ကိုဗစ် - ၁၉ ရောဂါ ပိုး ပထမဆုံး တွေ့ရှိခဲ့ရသည့် လူနာနံပါတ် ၁ ကို ဆဋ္ဌမအကြိမ် ဓာတ်ခွဲဆေးစစ်ချက်တွင် ရောဂါပိုးမတွေ့ရတော့ဘဲ Negative ပြနေကြောင်း တီးတိန်မြို့ ဆေးရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်က ပြောသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာမှ အဆိုပါလူနာနှင့်ပတ်သက်၍ ဒေါက်တာ ဇော်မြင့်နိုင်က “လူနာနံပါတ် ၁ ငါးကြိမ်ထိတော့ positive (ပိုးတွေ့) ပြနေတယ်၊ ဒီတစ်ခေါက် ခြောက်ကြိမ်မြောက်မှာတော့ ရောဂါပိုး မတွေ့တော့ဘူး"ဟု အတည်ပြုပြောဆိုသည်။

နောက်ထပ် နှစ်ကြိမ်ခန့် ထပ်မံ စစ်ဆေးဦးမည်ဖြစ်ပြီး ယခုလို ပိုးမတွေ့ အဖြေ ရရှိပါက ဆေးရုံဆင်းနိုင်မည်ဖြစ်ကြောင်း ဆရာဝန်က ဆက်လက်ပြောသည်။

"အခုလို ရောဂါပိုး ထပ်မတွေ့ရင်တော့ နောက်နှစ်ပတ်လောက်ဆိုရင် ဆေးရုံကနေ သူ ဆင်းနိုင်တော့မယ်၊ တခြား ကူးစက်ခံနေရတဲ့သူတွေလည်း ကျန်းကျန်းမာမာရှိကြတယ်” ဟု ပြောသည်။

ယင်းလူနာသည် အမေရိကန်မှ ပြန်လာခဲ့သူဖြစ်ပြီး မတ်လ ၂၃ ရက်က ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ဓာတ်ခွဲစစ်ဆေးတွေ့ရှိသူဖြစ်သည်။

လူနာနံပါတ် ၁ က “အခု ဆက်လက်ပြီး စစ်ဆေးဦးမယ်ဆိုတော့ ဆက်လက်ပြီး ဆုတောင်းပေးကြပါ၊ ကျွန်တော့်အတွက် စိုးရိမ်ပြီး ဆုတောင်းပေးကြတဲ့ သူတွေ အကုန်လုံးကို ကျွန်တော့်အနေနဲ့ အရမ်း ကျေးဇူးတင်တယ်"ဟု ချင်းဝေါလ်မီဒီယာ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဧပြီ ၂၄ ည ၈ နာရီထိ အခြေအနေမှာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လ­ူနာ ၁၄၃ ဦး ရှိခဲ့ပြီး သေဆုံး ၅ ဦး၊ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၉ ဦး ရှိသည်။ ကုသဆဲလူနာများကို သက်ဆိုင်ရာဆေးရုံများ­တွင် ဆေးကုသမှုပေးလျက်ရှိက­ြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...