Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကချင်ပြည်နယ်အစိုးရ ကျပ် သိန်းတစ်သောင်းခွဲ သုံးစွဲထား

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကချင်ပြည်နယ်အစိုးရ ကျပ် သိန်းတစ်သောင်းခွဲ သုံးစွဲထား

Ann | မွန်းမွန်းပန် - Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် သုံးစွဲထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ  ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

ပြီးခဲ့သည့် လမှ စတင်ကာ ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာငွေ ရှာဖွေရေး အဖွဲ့ဖွဲ့ပြီး  အလှူငွေကောက်ခံခဲ့ရာ ကျပ်သိန်း သုံးထောင်ကျော် ရရှိခဲ့ပြီး ပြည်နယ်အစိုးရ ဘတ်ဂျတ် ကျပ်သိန်း တစ်သောင်းနှစ်ထောင်၊  စုစုပေါင်း သိန်းပေါင်း တစ်သောင်းခွဲကျော် ရရှိခဲ့ပြီး သုံးစွဲခဲ့သည့်  ဘတ်ဂျတ်ကို  အမျိုးသားအဆင့် ဗဟိုကော်မတီက ပြန်လည်ချထားပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အလိုက် သုံးစွဲထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

အလှူရှင်များ ထည့်ဝင်ခဲ့သည့် ကျပ်သိန်းပေါင်း သုံးထောင်ကျော်ကို အခြေခံလူတန်းစားများအတွက် စားသောက်ကုန်လှူဒါန်းရာတွင် သုံးစွဲထားကြောင်းလည်း ဦးဇော်ဇော်က ပြောသည်။

”ဧပြီ လဆန်းမှာပဲ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ငါးမျိုး လှူဒါန်းရမယ်လို့ ပြောတော့ အဲဒီအလှူခံငွေနဲ့ သုံးစွဲခဲ့တယ်။ ပြည်ထောင်စုကတော့ ခေတ္ တစိုက်ထားပေးပါ။ ကုန်ကျငွေကို အမျိုးသားအဆင့် ဗဟိုကော်မတီကနေ ပြန်ထုတ်ပေးဖို့ ညွှန်ကြားထားတယ် ။ အဲဒီတော့ ကျန်တော်တို့က ကျပ်သန်းပေါင်း တစ်ထောင့်ငါးရာကျော် ကုန်ကျနိုင်တယ်လို့ တင်ထားပါတယ် ” ဟုဦးဇော်ဇော်က ဆိုသည်။

ယင်းအပြင် ပြည်နယ်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှဝင်ရောက်နေသည့် ပြည်တော်ပြန်များကို လက်ခံစိစစ်သည့် နေရာများနှင့် COVID-19 အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သည့် နေရာများတွင်  ဘဏ္ဍာငွေများ သုံးစွဲခဲ့ကြောင်းလည်း ဦးဇော်ဇော်က ဆက်လက်ပြောသည်။

”လွယ်ဂျယ်မှာ အခု  ပြည်တော်ပြန်တွေအတွက် တဲတွေ ဆောက်ရတယ်။ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ မွေ့ယာတွေလည်း ဝယ်ပေးရတယ်။  ရေတွေ၊ မီးတွေ၊ လိုအပ်တာတွေ သုံးစွဲပေးရတယ်။ နောက် မြစ်ကြီးနား ဆေးရုံမှာ ပြည်နယ်ဆေးရုံကြီးဖြစ်တဲ့အတွက် ဖြစ်လာရင် လူနာထားဖို့အတွက်  Isolation Ward ၃၂ယောက်စာ စီစဉ်နေတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ပြင်ထားတယ်။ အခြေခံဆေးရုံသုံးပစ္စည်းဖြစ်တဲ့  လိုအပ်တဲ့ ပီပီအီးတွေ၊ လက်အိတ်တို့၊ မတ်စ်တွေ ဗဟိုကလည်း ထောက်ပံ့ပေးသလို ပြည်ထောင်စုကလည်း ထောက်ပံ့ပေးတယ်။ အလှူရှင်တွေလည်း ပံ့ပိုးကူညီကြပါတယ်။ အဲဒါတွေကိုတော့ ပြည်နယ်ကျန်းမာရေးကို လွှဲထားပေးတယ်” ဟု ဦးဇော်ဇော်က ရှင်းပြသည်။

လက်ရှိအချိန်ထိ ကုန်ကျငွေ ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော် ပြည်နယ်အစိုးရဘတ်ဂျက်မှ စိုက်ယူသုံးစွဲထားပြီး ပြည်ထောင်စုတွင် ပြန်လည်တောင်းခံရန် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဘတ်ဂျက်တင်ပြထားကြောင်းလည်း သိရသည်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...