ပလက်ဝမြို့ပေါ် လက်နက်ကြီးကျည်ကျ၊ ကလေးငယ်နှစ်ဦးပါ သုံးဦး သေဆုံး

ပလက်ဝမြို့ပေါ် လက်နက်ကြီးကျည်ကျ၊ ကလေးငယ်နှစ်ဦးပါ သုံးဦး သေဆုံး

ပလက်ဝမြို့ပေါ်  မြန်မာ့စီးပွားရေးဘဏ်အနီး ဧပြီ ၂၂ ရက် ညနေ ၄ နာရီကျော်က လက်နက်ကြီးကျ၍ ဘဏ်ဝန်ထမ်းမိသားစုဝင် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ ဦးစောမြက “မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ အရှေ့ဖက်ကမ်းနဲ့  အနောက်ဖက်ကမ်း အဲလို ပစ်ခတ်ရင်းနဲ့ လက်နက်ကြီး ကျလာတဲ့ပုံစံဖြစ်တယ်။ သုံးယောက်သေတယ်လို့လည်း သိရတယ်။ ဘဏ်ဝန်ထမ်းရဲ့ အမျိုးသမီးရယ်၊ သူ့ကလေးရယ်၊ နောက်ဝန်ထမ်းတစ်ယောက်ရဲ့ ကလေးရယ်၊ သုံးယောက် ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်”ဟု အခင်းဖြစ်ပွားပြီး နာရီဝက်ခန့်အကြာက ပြောပြသည်။

ပလက်ဝမြို့ပေါ်တွင် ယခုလို လက်နက်ကြီးကျည် ကျသဖြင့် ဒေသခံများ အသက် အိုးအိမ် လုံခြုံမှု စိုးရိမ်နေရပြီး တိုက်ပွဲများကြောင့် စားနပ်ရိက္ခာလည်း ပြတ်လပ်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ကျေးရွာနေ ဒေသခံများ မြို့ပေါ်သို့ တိုက်ပွဲ ရှောင်လာကြရာ လူဦးရေ လေးထောင်နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...