ပလက်ဝမြို့ရှိ စစ်ဘေးရှောင်နှင့်ဒေသခံအရပ်သားများအတွက် ဆန်နှင့် လုံခြုံရေး အရေးတကြီးလိုအပ်ကြောင်း ရန်ကုန်အခြေစိုက် ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။
ယင်းကော်မတီမှ ဦးစောမြက “စစ်ဘေးရှောင် အရေးကို ကူညီတဲ့ ကော်မတီ အဖွဲ့တွေကို ခြိမ်းခြောက်တာတို့ရှိတယ်။ ဒီမှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေကလည်း လုံခြုံရေးအပြည့်ဝမပေးနိုင်တဲ့ အနေထားမှာရှိတယ် အဓိကတော့ စစ်တပ်နဲ့ မဆိုင်တဲ့ အရပ်သားကို ပစ်မှတ်ထားတာမျိုး လုံးဝမလုပ်စေချင်ဘူး။ ဆန်အိတ် ရှစ်ရာကျော် ဆိုတာက မြို့နေလူဦးရေတွနေဲ့ ပေါငျးလိုကျတော့ တစ်ပတ်စာဘဲရှိမှာ ဘာလို့်လည်း ဆိုတော့ ပလက်ဝမြို့ပေါ်မှာ ဆန်လုံးဝပြတ်လပ် နေတာဖြစ်တယ်”ဟုပြောသည်။
ပြည်နယ်အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် ဧပြီလ (၁၉) ရက်တွင် ပလက်ဝမြို့ပေါ်အတွက် ဆန်အိတ် ၈၃၀ အပါဝင် ဆေးဝါးများ ရောက်ရှိခဲ့ပြီး မိုးရာသီမတိုင်ခင် တွင်လည်း ပြည်နယ် အစိုးရမှ ဆန်အိတ် တစ်ထောင် ပို့ပေးရန် ရှိကြောင်းလည်း သိရသည်။
ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်လာသည့် ဦးရေမှာလည်း ၄၀၀၀ နီးပါးရှိပြီး ၎င်း စစ်ဘေးရှောင် ပြည်သူများမှာ ခရစ်ယာန်ဘာသာရေး အဆောက် အဦးများ၊ အစိုးရပိုင် အဆောက်အဦးများနှင့် အများပြည်သူပိုင် နေရာများတွင် ဖြစ်သလို နေထိုင်ကြရလျှက် ရှိပြီး နေထိုင် စားသောက်မှုမှာလည်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အနိမ့်ဆုံး စံချိန်စံညွှန်းများနှင့် ပင် ကိုက်ညီခြင်းမရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသအတွင်းသို့ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အခြားသော အကူညီပေးလိုသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်းများမှ လာရောက်မည် ဆိုပါကလည်း ရက္ခိုင့်တပ်မတော်(AA) အဖွဲ့ အနေဖြင့် မည်သည့် အနှောက်အယှက်မျှ မပေးဘဲ လမ်းခရီးတွင် အဆင်ပြေစွာ သယ်ယူပို့ဆောင်ရေးအတှကျ ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် (AA)ဖက်မှ ဧပြီလ (၂၀) ရက်နေ့တွင် အွန်လိုင်းတွင်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
လက်ရှိ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်လာသည့် ပြည်သူူများ ယာယီနေထိုင်မည့် အခင်းနှင့်အမိုးအကာများ၊ ရေနှင့် သန့်ရှင်းရေး ဆေးဝါးနှင့် အမျိုးသမီးများတွက် သီးသန့် လိုအပ်သည့် ပစ္စည်းများနှင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက်လည်း အဟာရဖြည့် အစားအစာများ အရေးကြီး လိုအပ်နေကြောင်းသိရသည်။
ပလက်ဝမြို့တွင် ဒေသခံ လူဦးရေ ၇၀၀၀ ကျော်ရှိပြီး စစ်ဘေးရှောင်လာသည့် လူဦးရေနှင့် ပေါင်းလျှင် တစ်သောင်း တစ်ထောင် ကျော်ရှိကြောင်း သိရသည်။







