ကျန်းမာရေးစစ်ဆေးမှုအားနည်း၍ ကပ်တဲလ်ကျေးရွာ ဒေသခံများ စိုးရိမ်နေ

ကျန်းမာရေးစစ်ဆေးမှုအားနည်း၍ ကပ်တဲလ်ကျေးရွာ ဒေသခံများ စိုးရိမ်နေ

ကမ္ဘာ့ကပ်ရောဂါ COVID19 ပိုး မြန်မာနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် ကျန်းမာရေးစစ်ဆေးမှု အားနည်းသောကြောင့် စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကပ်တဲလ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒိုခန်တွာန်က “သူနဲ့ ဆက်စပ်သူတွေ အကုန်လုံး မစစ်ဆေးနိုင်သေးဘူး၊ ကျန်သေးတယ်၊ အခု ၃၅ ယောက်က အုပ်ချုပ်ရေးအဖွဲ့နဲ့ လေ့လာပြီး သူတို့ဖော်ပြတဲ့သူတွေပဲပါတယ်၊ ကိုယ့်ဟာကို မပြောထွက်ချင်တဲ့သူက အများကြီး ကျန်သေးတယ်၊ အိမ်ရှင်ဖက်ကလည်း သေသေချာချာ မပြောဘူး၊ ပွဲလုပ်ပါတယ် ဆိုမှ ၃၅ ယောက်နဲ့ ဘယ်လိုလုပ်မှာလဲ၊ ပွဲလုပ်တယ်ဆိုတာကတော့ အကုန်လုံးသိတဲ့အတိုင်းပဲ၊ နိုင်ငံခြားက ပြန်လာတာဆိုတော့ ဆွေမျိုး၊ သူငယ်ချင်း၊ အများကြီးရှိမှာပဲ၊ အဲဒါကြောင့် ကျွန်တော်တို့ အခုစိုးရိမ်နေရတာ၊ ပြီးတော့ သာမန်လူဖြစ်နေတဲ့သူတွေ ကနေ ရောဂါကတွေ့နေတယ် ဆိုတော့ အရမ်းစိုးရိမ်ရတာပေါ့၊ ပြီးတော့ အစိုးရကလည်း သူတို့ထုတ်ပြန်ချက်မှာ အဖျားမရှိ၊ အသက်ရှူကျပ်တာ မရှိဘူးလို့ ဖော်ပြတော့ ပြည်သူအချို့က ရောဂါမရှိဘူးလို့ပဲ ယုံကြည်ကြတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကပ်တဲလားကျေးရွာရှိ Lock down ချခံရသူ အားလုံး ကျန်းမာရေး စစ်ဆေးဖို့ မလိုကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ပေါင်လွန်မင်ထန်က ပြောသည်။

ဝန်ကြီး ပေါင်လွန်မင်ထန်က “ရွာထဲက လူတွေတော့ အကုန်လုံးစစ်ဖို့ မလိုပါဘူး၊ သူတို့လည်း အခုထိ ကျန်းကျန်းမာမာပဲ နေတယ်၊ ပြီးတော့ နိုင်ငံတကာ သက်မှတ်ချက်မှာလည်း ၂၁ ရက်လုံး စောင့်ကြည့်ရမယ်၊ ရွာထဲက လူတွေလည်း ပိုးဘာမှမတွေ့ရင်တော့ တစ်ရွာလုံးကို ဖြေလျှော့ပေးလိုက်မယ်” ဟု ပြောသည်။

ကပ်တဲလ်းကျေးရွာသည် စောင့်ကြည့်အဖြစ် ၁၄ ရက် lock down ချပြီးနောက်၊ ပထမဆုံး ရောဂါတွေ့ရှိသည့် လူနာ နှစ်ကြိမ် စစ်ဆေးသည့်အဖြေ positive ပြနေသောကြောင့် နောက်ထပ် ၇ ရက်သက်တမ်းတိုးခဲ့ပြီး၊ လူနာနှင်ုဆက်စပ်သူ ၁၃ ဦးပြန်လည် စစ်ဆေးခဲ့ရာ တစ်ဦး Positive တွေ့ရှိကြောင်း သိရသည်။

ဦး ဒိုခန်တွာန်က “အခုပထမဆုံးတွေ့ရှိသည့် လူနာနဲ့ ဆက်စပ်သူ ၁၃ ဦးကို စစ်ဆေးတယ်၊ ကျန်းမာရေး ဝန်ထမ်း ၃ ဦးပါတယ်၊ အဲ့ထဲမှ လူနာမိခင်ကပါနေတယ်၊ သူဆိုရင် ရောဂါလက္ခဏာ ဘာမှမပေါ်ဘူး၊ သူနဲ့ ဆက်သွယ်တဲ့ စောင့်ကြည့်တဲ့ဟာက ၃၅ ယောက်ပဲဖြစ်နေတယ်၊ တကယ်တော့ အကုန်လုံးကို စစ်ဆေးသင့်တယ်၊ အစိုးရဖက်က ရ ရက်စောင့်ကြည့်ဖို့ သက်တမ်းတိုးတော့ ကျွန်တော်တို့က စောင့်ကြည့်အဖြစ် နေဖို့လိုတယ်၊ နောက်ဆုံးတွေ့တဲ့သူကိုလည်း တီးတိန်ပြည်သူ့ဆေးရုံကနေ လူနာတင်ကားနဲ့ လာခေါ်နေပြီ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၂၇ ဦးထိရှိလာခဲ့ပြီး၊ သေဆုံးသူ သုံး ဦး နှင့် ရောဂါ သက်သာလာသူ ၂ ဦးရှိခဲ့ကြောင်း သိရသည်။

Most read this week

Photo By MOI
April 18, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးအကျဉ်းထောင်မှာ အကျဉ်းကျ နေတဲ့ အကျဉ်းသူ/အကျဉ်းသား (၃၃...
April 18, 2024
ချင်းပြည်နယ် ဟားခါးမြို့တွင်းမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီး နှစ်ဦး တိုက်ခိုက်ခံရလို့...
April 18, 2024
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း က ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ပျဉ်းခုံလေး ရွာက...