COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို RCSS စိုးရိမ်

COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို RCSS စိုးရိမ်

COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် သျှမ်းပြည်အတွင်း ရှိမြို့နယ် ၂၀ ကျော် ကို ကာကွယ်ရေး ပစ္စည်းများထောက်ပံ့လှူဒါန်းသွားမည် ဟု RCSS/SSA က ပြောသည်။

သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၀ ကို COVID-19 တားဆီးကာကွယ်ရေး လှူဒါန်းရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင် သွားမည် ဟု PMC မှ ကိုယ်စားလှယ် ဗိုလ်ကြီး စိုင်းခမ်းဆေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဒီရောဂါ ဖြစ်လာရင် တမျိုးသားလုံး ထိခိုက်နိုင်တယ်။ ဒါတွေက အမျိုးသားလုံခြုံရေး အောက်မှာရှိတော့ အမျိုးသားလုံခြုံရေးကို လည်း ထိခိုက်လာနိုင်တယ်” ဟု ဗိုလ်ကြီး စိုင်းခမ်းဆေး က ဆို သည်။

RCSS/SSA အနေဖြင့် လူထုနှင့်လက်တွဲပြီး အတတ်နိုင်ဆုံး ကူညီသွားမည် ဟု လည်း ဆိုသည်။

RCSS ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး COVID-19 ကာကွယ်ရေးဖြစ်သည့် PPE ဝတ်စုံ ၊ Mask ၊ Hand Gel ၊ ပိုးသတ်ဆေး နှင့် လိုအပ်သော ပစ္စည်းများကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗိုလ်ကြီး စိုင်းခမ်းဆေး က ပြောသည်။

“သျှမ်းပြည်တွင်းရှိမြို့နယ် ၂၀ အ တွက် လှူဖို့ စီစဉ်ထားတယ်၊ မြို့နယ်အားလုံးကူညီချင်ပေမယ့် ပစ္စည်းတွေက မပြည့်စုံသေးဘူး” ဟု ဗိုလ်ကြီး စိုင်းခမ်းဆေး ကပြောသည်။

RCSS ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ မှသွားရောက်လှူဒါန်းမည့် မြို့များမှာ မိုင်းပွန်၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ ခိုလမ်၊ မိုင်းနောင်၊ ဝမ်စိမ်း၊ မိုင်းရှုး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ ကျိုင်းတုံ နှင့် တာချီလိတ် စသည့်မြို့နယ်များ ဖြစ်ကြောင်း သိရသည်။

COVID-19 ကြောင့် လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းထားရပြီး၊ ဧပြီလ အတွင်း ကျင်းပမည့် သျှမ်း အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ရပ်ဆိုင်းထားရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...