တာချီလိတ်ရောက် ပြည်တော်ပြန် ၂၀၀ နီးပါးကို ၁၄ ရက် စောင့်ကြည့်သွားမည်

တာချီလိတ်ရောက် ပြည်တော်ပြန် ၂၀၀ နီးပါးကို ၁၄ ရက် စောင့်ကြည့်သွားမည်
Photo Credit to Chiang Rai News ဧပြီ ၅ ရက် ညက မယ်ဆိုင်ရောက် ထိုင်းမှ ရွှေ့ပြောင်းအလုပ်သမားတချို့
Photo Credit to Chiang Rai News ဧပြီ ၅ ရက် ညက မယ်ဆိုင်ရောက် ထိုင်းမှ ရွှေ့ပြောင်းအလုပ်သမားတချို့

နန်းဆိုင်ဖူး — မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားကို ပိတ်ထားသော်လည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂၀၀ နီးပါး ဧပြီ ၆ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်သို့ ထပ်မံ ရောက်ရှိလာရာ နှစ်ဘက်အာဏာပိုင်များ ညှိနှိုင်းကာ ယင်းတံတားမှတဆင့် မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“၁၈၈ ယောက် တံတား ၂ ကနေ ပြန်ဝင်လာပြီးတော့ လက်ခံပေးပါတယ်။ ၁၄ ရက် စောင့်ကြည့်ထားပါမယ်၊ မိုးကုတ်ရိပ်သာမှာ ထားပါမယ်” ဟု တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က ပြောသည်။

ယခုရောက်ရှိလာသူ ထိုင်းပြန် ၁၈၈ ဦးကို တာချီလိတ်ရှိ စောင့်ကြည်ရေးစင်တာတွင် ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားကို မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း မတ် ၂၅ ရက်ကစတင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ မတ် ၂၅ ရက်က ပြန်လည်ရောက်ရှိလာသူ၊ ကျောက်မဲမြို့နေ အမျိုးသားတစ်ဦးမှာ မတ် ၂၈ ရက်တွင် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ညပိုင်းတွင် ကျောက်မဲဆေးရုံသို့ တက်ရောက်ခဲ့ရပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၊ ဆေးကုသကာ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က စစ်ဆေးခဲ့ရာ မတ် ၃၀ ရက်တွင် COVID - 19  ဓာတ်ခွဲအတည်ပြုလူနာ ( Case - 14) ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။ ထို့နောက် သက်ဆိုင်ရာ အာဏာပိုင်များက  ပြန်တော်ပြန်များကို နေရပ်အသီးသီးသို့ ချက်ချင်း မပြန်စေတော့ဘဲ နယ်စပ်ဒေသတွင် ၁၄ရက် ထားရှိကာ စောင့်ကြည့်သည့် အစီအစဉ် ပြုလုပ်လာကြသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု  ဧပြီ ၆ ရက် ညပိုင်းထိ အခြေအနေမှာ ပိုးတွေ့ရှိသူ ၂၂ ဦး၊ သေဆုံး ၁ ဦး၊  စောင့်ကြည့် ၇၄၆ ဦးရှိသည်။

အိမ်နီးချင်း တစ်ဖက်နိုင်ငံ ထိုင်းတွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၂၀ ဦး၊ သေဆုံးသူ ၂၆ ဦးရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်း  ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်သန်းနှစ်သိန်း ရှိခဲ့ပြီး သေဆုံးသူ ခုနစ်သောင်း ရှိခဲ့သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...