ကချင်လွတ်လပ်ရေးအဖွဲ့ - KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့် အင်တာဗျူး

ကချင်လွတ်လပ်ရေးအဖွဲ့ - KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနှင့် အင်တာဗျူး

ရက္ခိုင့်တပ်တော် -  ULA/AA ကို ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဌာနချုပ် လိုင်ဇာမှာ မထားဖို့  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးက ပြောဆိုလာတယ်လို့ KIO က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှာ မပခ တိုင်းမှူးက ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ - PCG ကနေတစ်ဆင့် အဲဒီလို ပြောဆိုလာတယ်လို့ ဆိုပါတယ်။

ဒီလိုပြောလာပြီးတဲ့နောက်မှာတော့ အစိုးရက ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

ယခုလိုအနေအထားမျိုးမှာ

- အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးမှုတွေ ဘယ်လိုဖြစ်လာနိုင်သလဲ

- KIO ကရော ULA/AA ကို ဌာနချုပ် လိုင်ဇာကနေ မောင်းထုတ် ဖို့ ရှိပါသလား

စတဲ့အကြောင်းအရာတွေကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းရာမှာ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ခုလို စ ပြောပြပါတယ်။

ဗိုလ်မှူးကြီးနော်ဘူ – ကျနော်တို့ရဲ့ သဘောထားကတော့ မပခ တိုင်းမှူးကိုလည်း ကျနော်တို့ စာနဲ့ အကြောင်း ကြားတာ ရှိပါတယ်။ အဲဒီစာထဲမှာကတော့ ကျနော်တို့ KIO က နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ ရှေ့ဆက်ပြီးမှ သွားဖို့ ကျနော်တို့ အကြောင်းကြားထားတာရှိပါတယ်။ ဒုတိယအနေနဲ့တော့ AA တွေကို အခုလို မျိုးပုံစံနဲ့ပေါ့ ၊ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ကျနော်တို့က သဘောထားက အဲလို ရှိပါတယ်ဆိုပြီးမှ အကြောင်းကြားထားပါတယ်။ အဓိကက အဲဒီ ၂ ချက်ပါ။

မေး – AA ကို KIO ဌာနချုပ်ကနေ မောင်းထုတ်ဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောဆိုလာတဲ့ အတွက် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ် ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်သလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ ၄ ဖွဲ့ကလည်း ဆွေးနွေးဖို့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ်။ အဲဒါကတော့ တပ်မတော်ဖက်ကနဲ့ပဲ ဆိုင်ပါတယ်။ သူတို့လက်ခံမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ ဆွေးနွေးဖို့ကတော့ အဆင် သင့်ဖြစ်ပါတယ်။

မေး – အဲဒီအပေါ်မှာ ULA/AA က KIO ကို ဘာများပြောဆိုလာတာတွေ ရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ဗဟိုကော်မတီကို ဘယ်လိုပြောတယ်ဆိုတာကတော့ ကျနော်ကတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ အားလုံး သိနိုင်တဲ့ အနေအထားလောက်ကတော့ သူလည်း ဘာမှ ပြောသံတော့ မကြားမိ ပါဘူး။

မေး – လိုင်ဇာမှာက ULA/AA ဌာနချုပ် ရှိတာလား။ ဘယ်လိုပုံစံနဲ့ သူတို့က နေနေတာလဲ။

ဗိုလ်မှူးကြီး နော်ဘူ – မရှိဘူး။ ဒီမှာက သူတို့ဌာနချုပ်ပုံစံနဲ့ လုပ်တာမဟုတ်ပါဘူး။ ဒီမှာက သင်တန်းပေးတဲ့ စခန်း ပုံစံနဲ့ လုပ်ထားတာပါ။ စစ်အင်အားတွေ စုထားတာလည်း မရှိပါဘူး။

AA နဲ့ ပတ်သက်ပြီး တပ်မတော်က ဖိအားပေးလာတဲ့ ကိစ္စကို FPNCC အဖွဲ့ဝင်တွေ ဆီ အကြောင်းကြားထားပြီး ဖြစ်ပေမယ့် တခြားအဖွဲ့တွေကတော့ အကြောင်းပြန်လာတာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...