ကျောက်မဲတွင် ထိုင်းပြန် တစ်ဦး ကိုဗစ် ၁၉ ပိုး တွေ့

ကျောက်မဲတွင် ထိုင်းပြန် တစ်ဦး ကိုဗစ် ၁၉ ပိုး တွေ့
Photo by  Aung Kyaw Win Sein
Photo by Aung Kyaw Win Sein

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် COVID-19 အတည်ပြု လူနာ အမျိုးသား တစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၃၀ ရက်တွင် ကြေညာလိုက်သည်။

၎င်းအပါအဝင် ၄ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က “ဟုတ်တယ်ဗျ၊ အတည်ပြုပြီ။ ဒီကောင်လေးက ခိုမုံးအုပ်စုသားပါ။ သူက တတိယနှစ် ကျောင်းသားလို့ သိရပါတယ်။ ပိုးစစ်ဖို့ ပို့ထားတာ အများကြီး ကျန်ပါသေးတယ် ” ဟု သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ပိုးတွေ့ရှိထားသူမှာ  ၂၄နှစ် အရွယ်ရှိပြီး မတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ရောက်ရှိလာကြောင်း၊ တာချီလိတ်တွင် နှစ်ည တည်းခိုခဲ့ပြီး မတ်လ ၂၈ ရက် မန္တလေးမြို့သို့ လေယာဉ်ဖြင့် လာကြောင်း၊ ထိုမှတဆင့် ကျောက်မဲသို့ ကိုယ်ပိုင်ကားဖြင့် ပြန်သွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းညပိုင်းတွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်းများ ခံစားခဲ့ရသဖြင့် ကျောက်မဲဆေးရုံသို့ ပြသဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသခဲ့သည်။

“အခု ပြည်ပမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူတွေ ကျောက်မဲမှာ အများကြီးရှိပါတယ်။ အထက ကျောင်းမှာ ၁၀၀ ကျော်ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အခုကျောက်မဲမှာ တင်းကျပ်စစ်ဆေးနေပါတယ်။ အဝင်အထွက် အပေါက်တစ်ခုပဲ ထားရှိပါတယ်"ဟု လွှတ်တော်ကိုယ်စားလှယ်က သျှမ်းသံတော်ဆင့်ကို ထပ်မံပြောပြသည်။

ယင်းမတိုင်မီကလည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ မြဝတီသို့ ပြန်လာသည့် အမျိုးသားတစ်ဦး COVID-19 ပိုး တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် မတ် ၃၁ ရက် ညနေ ၄ နာရီ ကိုရိုနာဗိုင်းရပ်စ်အခြေအနေမှာ စောင့်ကြည့်လူနာ ၅၁၅ ဦး၊ ပိုးတွေ့ရှိသူ ၁၄ ဦး၊ သေဆုံးသူ ၁ ဦး ရှိသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...