COVID-19 အမှတ် (၈) လူနာ ဘယ်တွေ သွားခဲ့တာလဲ

COVID-19 အမှတ် (၈) လူနာ ဘယ်တွေ သွားခဲ့တာလဲ

လာဘ်ရတနာဗိုလ် - ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၈) ဖြစ်သူ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးနှင့် ပြင်သစ်ခရီးသွားအဖွဲ့ သွားခဲ့ရာလမ်းကြောင်းနှင့် ပတ်သက်ပြီး မဇ္ဈိမက သိရှိထားရ သမျှကို သတင်းပေးပို့လိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံမြောက်/ရှေ့ ရပ်ကွက်တွင် နေထိုင် ဧည့်လမ်းညွှန်သည် ဆေးစစ်ချက်မပြုမီက ပြင်သစ်ခရီးသွားများနှင့်အတူ မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ ပုပ္ပါး၊ ကလော တို့ကိုလည်း သွားရောက်လည်ပတ်ခဲ့သည်။ အပြန်ခရီးတွင်တော့ အဖွဲ့ခွဲကာ ဧည့်လမ်းညွှန်မပါသော တစ်ဖွဲ့က ငပလီသို့သွားခဲ့ကြသည်။

ယခုအခါ အဆိုပါလူနာနှင့်  လူနာအမှတ် (၅) ဖြစ်သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အသက် ၆၉ နှစ်အရွယ် ကင်ဆာဝေဒနာခံစာနေရသူအမျိုးသားတို့မှာ ဝေဘာဂီအထူးကုဆေးရုံ အထူးကြပ်မတ် ကုသဆောင် တွင် ကုသမှု ခံယူနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မဇ္ဈိမသို့ ပြောသည်။

 

 "သူတို့ နှစ်ယောက်ကတော့ နဂိုကတည်းက သူတို့ ရောဂါ အခံတွေကလည်း ရှိတယ်ဆိုတဲ့ အတွက်ကြောင့်မို့ သေချာ ဂရုစိုက်နေရတာ ဖြစ်ပါတယ်။... ICU ဆိုတာ အထူးကြပ်မတ်ကုသမှုပေးတဲ့ နေရာ ဖြစ်ပါတယ်"ဟု ဒေါ်ခင်ခင်ကြီးက ပြောသည်။

လူနာ အမှတ် (၈) ၏ နေအိမ်အပါအဝင် ၎င်းတို့ ခရီးသွားအဖွဲ့သွားရောက်ခဲ့သော နေရာများကို Lockdown လုပ်ခြင်းအပါအဝင် ထိတွေ့ဆက်ဆံသူများကို ၁၄ ရက် ကွာရန်တိုင်း (Quarantine) လုပ်ခြင်းများပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

လူနာ အမှတ် (၈) သည် ပြည်တွင်းနေသူများထဲမှ COVID-19 ကူးစက်သူ ပထမဆုံးဖြစ်သော်လည်း မည်သို့ ကူးစက်ခံရသည်ကို မသိရှိရပါ။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံထားရသူ အတည်ပြုလူနာ ၁၀ ဦးအထိရှိသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...