မူဆယ်ဒေသခံများသာ တရုတ်ပြည်သို့ ဝင်ခွင့်ပေး

မူဆယ်ဒေသခံများသာ တရုတ်ပြည်သို့ ဝင်ခွင့်ပေး
တရုတ်ပြည်ဘက်သို့ ဝင်ရန် စောင့်ဆိုင်းနေသူများ (Photo by ထုန့်ဟွေ့လီ)
တရုတ်ပြည်ဘက်သို့ ဝင်ရန် စောင့်ဆိုင်းနေသူများ (Photo by ထုန့်ဟွေ့လီ)

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် မူဆယ်မြို့ခံများကိုသာ ဝင်၊ထွက်ခွင့်ပေးကြောင်း သတင်းရရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့် အတွက် မူဆယ်မြို့ မှတ်ပုံတင်ကိုင်ဆောင်သူများကိုသာ တရုတ်ပြည်ဘက်ခြမ်းသို့ဝင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

“ အခုက တခြားဒေသ ကလာတဲ့သူတွေကို ပေးမဝင်တော့ဘူး။ ၁၃/ မဆတ မှတ်ပုံတင် ကိုင်တဲ့သူပဲ ပေးဝင်တယ်။ တရုတ်က ပိတ်လိုက်တာပါ” ဟု မူဆယ် ဒေသခံ စိုင်းအောင် က ပြောသည်။

မတ် ၂၉ တွင်လည်း အခြားဒေသမှ လာသူများကို တရုတ်ဘက်ခြမ်းသို့ပေးမဝင်သည့်အတွက် မူဆယ် မြို့ ဆင်ဖြူဂိတ်တွင် ရုန်ရင်းဆန်ခတ်မှု ခေတ္တ ဖြစ်ပွားခဲ့ကြောင်း မူဆယ်ဒေသခံ စိုင်းအောင် က ပြောသည်။

တရုတ်ပြည် ကျယ်ဂေါင်တွင် အလုပ်လုပ်သည့် ကိုကျော်ရဲအောင် က “ ၁၃/ မဆတ ကိုင်တဲ့ မူဆယ်နေသူပဲ ဝင်လို့ရတယ်။ ကျနော်တို့ ဝင်လို့မရဘူး။ ဒါမမျှတဘူး။ အခုက တရုတ်က ပိတ်တာပါ။ နေ့ခင်းပိုင်းလောက်ဖြစ်တာ။ အခုက ဘာကြောင့် ပိတ်တယ်ဆိုတာ မသိဘူး။ ကျန်းမာရေး ဌာန က ပိတ်တယ်ပဲပြောတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိ တရုတ်ပြည်သို့ ဝင်ရန် အတွက် မူဆယ်မြို့ဆင်ဖြူဂိတ်တွင် စောင့်ဆိုင်းနေသည့် လူဦးရေ ၁၀၀၀ နီးပါး ရှိသည် ဟု သိရသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါရောက်ရှိနေပြီး ကူးစက်သူ၊ သံသယရှိသူများ ရှိနေပြီဆိုသည့် သတင်းကြောင့် မူဆယ်မှတ်ပုံတင်မှအပ ကျန်ဒေသမှ ပြည်သူများကို ပေးမဝင်တော့ကြောင်း တရုတ်ပြည်တွင် တာဝန်ကျနေသူ တစ်ဦးက ပြောပြသည်။

တရုတ်ပြည်အတွင်းသို့ ကုန်တင်ယာဉ်များ မတ် ၂၈ ရက်မှ စတင်ကာ ပေးမဝင်တော့ကြောင်း သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...