သင်္ကြန် နေရပ်ပြန် အလုပ်သမားများ ထိုင်း ပြန်ဝင်ပါက ၁၄ ရက် စောင့်ကြည့်သွားမည်

သင်္ကြန် နေရပ်ပြန် အလုပ်သမားများ ထိုင်း ပြန်ဝင်ပါက ၁၄ ရက် စောင့်ကြည့်သွားမည်

သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည်ဆိုပါက (၁၄)ရက် စောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး ထုတ်ပြန်ချက် အရ သိရသည်။

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့နေသည့် ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က မတ် ၁၂ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းအစိုးရ အနေဖြင့် လည်း COVID-19 ကို အန္တရာယ် ရှိသည့် ကူးစက်မြန် ရောဂါ အဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့သည်။

COVID- 19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာ ဝင်၊ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များမှ တဆင့် ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှု များ အထူး ကြပ်မတ်ဆောင်ရွက်နေကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် ထိုင်းနိုင်ငံအဝန်းရှိ စက်ရုံ အလုပ်ရုံများ၌လည်း COVID- 19 ကာကွယ်ရေး စီမံချက် များချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမားများ ရောဂါဖြစ်ပွားသည့် နိုင်ငံ၊သို့မဟုတ် မိမိနေရပ် ပြန်သွားပြီး ထိုင်းသို့ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာထံ အလုပ်ရှင်များက အကြောင်းရမည်ဟု ဆိုသည်။

သင်္ကြန်ကာလ နေရပ်ပြန် အလုပ်သမားများထံမှ ထိုင်း Re-entry Visa ကြေး ဘတ် ၁၀၀၀ ကောက်ခံသွားမည်ဟုလည်း ထုတ်ပြန်စာတွင် ရေးသားထားသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ယမန်နေ့ ညအထိ COVID-19 ကူးစက်ခံရသူ ဦးရေ ၁၁၄ ဦး ရှိကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။ ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်သူ ဆက်လက် တိုးလာနိုင်ကြောင်းလည်း ထိုင်းအစိုးရက ပြောဆိုထားသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...