RCSS/SSA နှင့် အစိုးရ တပ်မတော် တွေ့ဆုံ

RCSS/SSA နှင့် အစိုးရ တပ်မတော် တွေ့ဆုံ
Photos by Tai Freedom/ Facebook
Photos by Tai Freedom/ Facebook

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော်တို့ မတ် ၁၅ ရက်က နေပြည်တော်တိုင်းစစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာတွင်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ JMC ဆိုင်ရာလုပ်ငန်းများ၊ လူထုအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID -19) ကာကွယ်ရေး ပြည်သူများကို အသိပညာပေးခြင်းကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

RCSS/SSA ဘက်မှ ဗိုလ်ချုပ် ဘောင်ခေး ဦးဆောင်ပြီး အစိုးရတပ်မတော်ဘက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်  ဦးဆောင်ဆွေးနွေးခဲ့သည်။

“တပ်နှစ်ဖက် အကြောင်းကိစ္စတွေ ရှိလာရင် တွေ့ဆုံဆွေးနွေးဖို့ ပြောထားပါတယ်။ မိုင်းကိုင်ကိစ္စလည်း ဆွေးနွေးကြပါတယ်။ တိုက်ပွဲ ထပ်မဖြစ်ဖို့လည်း ဆွေးနွေးပါတယ်”ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လဆန်းပိုင်းထိ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွိုင်တောင်းတောင်ကြောတလျှောက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

RCSS/SSA စခန်းချသည့် လွိုင်တောင်းတပ်စခန်း တပ်ဆုတ်ခဲ့ရပြီး လက်ရှိမှာ အစိုးရ တပ်မတော်က တပ်စခန်းချထားကြောင်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...