မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုး ၉၃ ဘီလီယံ ဆက်တိုက် သိမ်းဆည်းရ တရားခံ မမိ

မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုး ၉၃ ဘီလီယံ ဆက်တိုက် သိမ်းဆည်းရ တရားခံ မမိ
Photos by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်း ဝက်ဆိုဒ်
Photos by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်း ဝက်ဆိုဒ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုး ဘီလီယံပေါင်းများစွာအထိ ဆက်တိုက် ဖမ်းဆီးမိခဲ့သော်လည်း တရားခံကိုမူ ဖမ်းဆီးရမိခြင်း မရှိခဲ့ပေ။

ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၄ ရက်ထိ ကျပ် သိန်း ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာတို့တွင် သိမ်းဆည်းရမိခဲ့သည်။ ကောင်းခါးတွင် ငွေကျပ် ၉၁ ဘီလီယံကျော်နှင့်  လွယ်ခမ်းကျေးရွာအနီး ၂ ဘီလီယံကျော်ဖိုးခန့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သို့သော် တရားခံ တစ်ဦးတလေမျှ မဖမ်းမိခဲ့ပေ။

မတ်လ ၄ ရက်က လွယ်ခမ်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ မူးယစ်ဆေးဝါး မွှေစက်မျိုးစုံ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ဘွိုင်လာအိုး၊ ဖန်ပေါင်းအိုး၊ ဆေးပြားရိုက်စက်၊ အက်ဆစ်ကော်ပေပါ၊ မော်တော်ယာဉ်တို့ဖြစ်သည်။

“ အဲနေရာမှာ အိမ်တိုင်းနီးပါး ဆေးပြားလုပ်တဲ့ စက်တွေ၊ ဆေးပြားတွေ ရှိတယ်။ အဲဘက် နေတဲ့သူ အများစုက တရုတ်တွေပါ” ဟု ကွတ်ခိုင်ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...