မိုင်းကိုင်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်

မိုင်းကိုင်မြို့နယ် စစ်ရှောင်များ နေရပ်ပြန်
Photo by စိုင်းစံမိဏ်း၊ ကျေးသီးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ
Photo by စိုင်းစံမိဏ်း၊ ကျေးသီးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု စစ်ဘေးရှောင်များ နေရပ်ရင်းသို့ ပြန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ရှောင်များသည် ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော်တို့ကြား မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ လွိုင်တွန်းတောင်ကြောတွင် ဖြစ်ပွါးသော တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းသို့ အသီးသီး စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။

“ဒီနေ့ (မတ်လ ၆ ရက်  ) စစ်ရှောင်တွေ နေရပ်ပြန်ကြမယ်။ မနေ့ည က ကျနော့ဆီကို ဗျူဟာ မှူးဖုန်းဆက်လာတယ်။ စစ်ရှောင်တွေ နေရပ်ပြန်လို့ ရတယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်” ဟု မိုင်းကိုင်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက သျှမ်းသံတော်ဆင့်သို့ပြောသည်။

နေရပ်ပြန်မည့် စစ်ရှောင်များမှာ ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ ကုန်းစုံ ကျေးရွာ ဘုန်းကြီး ကျောင်းနှင့် လွယ်စက် ကျေးရွာ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသည့် စစ်ရှောင်များ ဖြစ်ကြောင်း ဦးစိုင်းလုံ က ပြောသည်။

“ သူတို့တွေ ဘုန်းကြီးကျောင်း သန့်ရှင်းရေးတွေ လုပ်ပြီးရင် ပြန်ကြမယ်။ ကျေးရွာထဲ ပျက်စီးတာတွေ ဆုံးရှုံးတာတွေကို စာရင်းပေးဖို့ ပြောထားပါတယ်” ဟု ဦးစိုင်းလုံက ဆိုသည်။

မတ်လ ၂ ရက်မှစတင်ကာ ဟမ်းငိုင်းကျေးရွာ အုပ်စု ကုန်းညောင် ဖာဆား ကျေးရွာ နှင့် ဟိုဖိုင်ကျေးရွာအတွင်း နေအိမ်၊ ဈေးဆိုင် များ ရှိ ပစ္စည်းများ၊ ဘုရားစင်များ နှင့် စားသောက်ကုန်များကို အစိုးရ စစ်ကြောင်းမှ စစ်သားများက ဝင်ရောက် မွှေနှောက် ယူဆောင်သွားကြကြောင်း စစ်ရှောင်ရွာသားများက ပြောသည်။

“ ကျနော်တို့ ကျေးရွာကတော့ လောဆယ် မပြန်သေးဘူး။ စံပေါင်းကျေးရွာနဲ့ ဟိုနောင် ကျေးရွာတွေက လူတွေကတော့ ပြန်သွားပြီ။ ကျနော်တို့လည်းပြန်ဖို့လုပ်နေပါတယ်” ဟု ကုန်းညောင် ဖာဆား ကျေးရွာ က ဒေသခံ စိုင်းမု က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မတ်လ ၄ ရက်က စစ်ရှောင်တချို့နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တချို့ နေရပ်ပြန်ကြည့်ရန်အသွား အစိုးရ စစ်ကြောင်း၏ ဟန့့်တားခြင်းကို ခံခဲ့ရသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အတွင်း စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်ရှိသည်ဟုသိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...