Published
Monday, February 13, 2017
ရခိိုင်ဘာသာ အစီအစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇)
ရခိုင်တွေရဲ့သမိုင်းဝင်မဟာမြတ်မုနိဘုရားဆင်းတုတော်မှာရှိတဲ့ မကိုဋ်တော်တွေနဲ့ စလွယ်တော်တွေကို ဖြုတ်ချလိုက်ပြီဖြစ်တဲ့အတွက် နဂိုပုံစံအတိုင်းဖူးမြော်ချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒ ပြည့်ဝသွားပါပြီ။
ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ မြန်မာ၊ ရခိုင်၊ ဘင်္ဂါလီ (၃)ဘာသာနဲ့ထုတ်လွှင့်နေတဲ့ မေယု FM နဲ့ပတ်သက်ပြီး ရခိုင်မြို့တချို့ ကန့်ကွက်ဆန္ဒပြလိုက်ကြပါတယ်။
ရခိုင်သမိုင်းမှာထင်ရှားခဲ့တဲ့ ပတ္တမြားဒေဝီ စိုးမဲကျီရဲ့အုတ်ဂူကို အရေးတကြီး ထိန်းသိမ်းဖို့လိုအပ်နေပါတယ်။






