တိုက်ပွဲကြောင့် ကျေးသီး- မိုင်းနောင် ကားလမ်း ပိတ်ထားဆဲ

တိုက်ပွဲကြောင့် ကျေးသီး- မိုင်းနောင် ကားလမ်း ပိတ်ထားဆဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီး - မိုင်းနောင် ကားလမ်းကို မတ်လ ၂ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်က ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

မိုင်းကိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၇ ရက်ကစတင်ကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲမှာ မိုင်းကိုင်မြို့နယ်အရှေ့ဘက် ကျေးသီးမြို့နယ်အထိ ဖြစ်ပွားသည်။

“ဒီနေ့ (မတ် ၂ ) နေ့လည် ၁နာရီကန စပြီး ကျေးသီး - မိုင်းနောင် ကားလမ်း ပိတ်လိုက်တာပါ။ ပိတ်တာက ခြေလျင်တပ်ရင်း (၁၃၁) ရှေ့ နဲ့ မိုင်းနောင်က ခြေလျင်တပ်ရင်း (၉ ) ဂိတ်ကို ပိတ်လိုက်တာ” ဟု ကျေးသီးမြို့နယ် ပြည်နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိဏ်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကျေးသီးမြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ ၁၃၁) ကို ညနေ ၅နာရီတွင် ပြန်လည် ဖွင့်ပေးသော်လည်း မိုင်းနောင်မြို့နယ်ရှိ ( ခလရ ၉ ) ရှေ့ ရှိ ဂိတ်ကို ပိတ်ထားဆဲဟု စိုင်းစံမိဏ်းက ပြောသည်။

တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဖြစ်ပြီး တိုက်ပွဲဖြစ်လာပါက ဒေသခံပြည်သူများကို မထိခိုက်အောင် အသွားအလာပိတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

RCSS/SSA နှင့် အစိုးရတပ်မတော်တို့ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွိုင်တွမ်းတောင်ကြောတစ်လျှောက် တိုက်ပွဲ သုံးရက်ကြာ ဖြစ်ပွားပြီးနောက် ကျေးသီးမြို့နယ်သို့ စစ်ရှောင် ဦးရေ ၂၆၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...