၂၁ ရာစု ပင်လုံ ဆွေးနွေးမည့် အကြောင်းအရာများ အစိုးရနှင့် NCA-S EAO ညှိနှိုင်း

၂၁ ရာစု ပင်လုံ ဆွေးနွေးမည့် အကြောင်းအရာများ အစိုးရနှင့် NCA-S EAO ညှိနှိုင်း
အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေး(NRPC)
အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေး(NRPC)

လာမည့် ဧပြီလအတွင်း ကျင်းပရန် လျာထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) တွင် ဆွေးနွေးကြမည့်အကြောင်းအရာခေါင်းစဉ်များကို အစိုးရနှင့် ညှိနှိုင်းနေကြောင်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ပြောခွင့်ရ နိုင်အောင်မငေးက ပြောသည်။

“အခုလာမယ့်ငြိမ်းချမ်းရေးညီလာခံဟာ အချိန်လည်းနည်းတာကြောင့် အရင်ညီလာခံတွေလို အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး၊ ညီလာခံမှာဆွေးနွေးကြမယ့် အကြောင်းအရာခေါင်းစဉ်တွေကို အစိုးရနဲ့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးညှိနှိုင်းပြီးရင် ပြည်သူလူထုကို ချပြသွားမှာပါ” ဟု နိုင်အောင်မငေးက ပြောသည်။

အဆိုပါငြိမ်းချမ်းရေးညီလာခံတွင် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အဆင့် ၃ ဆင့်ပါသည့် သဘောတူညီချက်များချုပ်ဆိုနိုင်ရန်အတွက် အစိုးရနှင့် NCA-S EAO တို့ ဆွေးနွေးလျက်ရှိသည်။

၎င်းက “ အခုညီလာခံဟာ အပေါ်ကအမြင်တွေကို အောက်ကိုချပြတာမျိုးဖြစ်တယ်၊ ပြီးခဲ့တဲ့ငြိမ်းချမ်းရေးညီလာခံတွေမှာဆိုရင် အောက်ကသဘောထားအမြင် ရလဒ်တွေကိုစုစည်းပြီး အထက်ကိုအဆင့်ဆင့်တင်ပြသွားတာမျိုး၊ ဒီတစ်ခါမှာတော့ အချိန်မရတော့လို့ အရင်လိုမလုပ်နိုင်တော့ဘူး” ဟု ဆိုသည်။

ညီလာခံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များချမှတ်ရန်၊ ယခင်ချုပ်ဆိုပြီးသော အခြေခံမူ (၅၁)ချက်နှင့် နောက်ထပ်ရရှိလာမည့် အခြေခံမူများစုပေါင်း၍ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ အဖြစ်ချုပ်ဆိုရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဆက်လက်ဖော်ဆောင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များ၊  ဦးစားပေးအစီအစဉ်များကို ဘုံသဘောတူညီချက်ချမှတ်နိုင်ရန်ဖြစ်ကြောင်း အစိုးရကိုယ်စားလှယ်များက ပြောကြားထားသည်။

နောက်ဆုံးကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ မှ ၁၆ ရက်နေ့အထိကျင်းပခဲ့ရာ ကဏ္ဍကြီး ၅ ရပ်အနက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာကဏ္ဍများကိုသာ ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ပြီး လုံခြုံရေးကဏ္ဍတွင် မည်သည့်သဘောတူညီချက်မှ ချမှတ်နိုင်ခြင်းမရှိသေးပေ။ 

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...