တာချီလိတ်တွင် ဗုံးသီး ဟောင်း ထုရာမှ အမျိုးသမီး တဦး ဒဏ်ရာရ

တာချီလိတ်တွင် ဗုံးသီး ဟောင်း ထုရာမှ အမျိုးသမီး တဦး ဒဏ်ရာရ
Photo by Ko Hla Moe(တာချီလိတ်နာရေးကူညီရေးအသင်း)၊ ဗုံးသီးဟောင်းထုရာမှ ဒဏ်ရာရသည့် အမျိုးသမီးပုံ
Photo by Ko Hla Moe(တာချီလိတ်နာရေးကူညီရေးအသင်း)၊ ဗုံးသီးဟောင်းထုရာမှ ဒဏ်ရာရသည့် အမျိုးသမီးပုံ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်း ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် မိန်း (ကီလို) ရောင်းဝယ်ရေးဆိုင် တွင် ယနေ့ မနက် ၁၁နာရီ ခွဲခန့်တွင် ဗုံးသီးဟောင်း ကို ထုရာမှ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် ကီလိုဆိုင်တွင် သံ၊သတ္တုများကို ပြားအောင်ပြုလုပ်ရာ ဗုံးသီးဟောင်းကို သွားထုမိသဖြင့် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ် မြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တဦးကပြောသည်။

“ အမျိုးသမီးက ဗုံးသီးဟောင်းဆိုတာ မသိဘူး။ သူက သာမာန် သံ၊သတ္တုထင်ပြီး ထုတာ။ အဲ့ဒါနဲ့ ပေါက်ကွဲသွားတာ” ဟု ရဲတပ်ဖွဲ့ဝင် က ပြောသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသမီးသည် မျက်နှာ၊ ဆီးခုံ၊ ပေါင်နှင့် ခြေထောက်တို့ ဒဏ်ရာရရှိခဲ့ကြောင်း လက်ရှိမှာ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်းလည်း ရဲတပ်ဖွဲ့ဝင် ရဲသား က ဆိုသည်။

“ အသံကတော့ ကျယ်တယ်။ လန့်တောင်လန့်သွားတယ်။ ဗုံးပေါက်ကွဲမှုဆိုတာတော့သိတယ်။ ဒါပေမယ့် ဗုံးသီးဟောင်းလို့မထင်ဘူး။ တယောက်ယောက်က လာထောင်ထားလို့ပေါက်ကွဲတယ်ထင်နေတာ” ဟု တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်နေထိုင်သည့် ကိုမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပေါက်ကွဲသည့် ဗုံးသီးဟောင်းသည် M6 60 ဗုံးသီးဖြစ်ပြီး၊ အဆိုပါ ဗုံးသီးဟောင်း မည်သို့ရလာသည်ကို စုံစမ်းနေကြောင်းလည်း သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...