နမ့်ပေါင်တွင် ပြာကျနေသည့် အလောင်း ၂လောင်း စစ်ဆေးနေဆဲ

နမ့်ပေါင်တွင် ပြာကျနေသည့် အလောင်း ၂လောင်း စစ်ဆေးနေဆဲ
Photo by ဒေသခံ တစ်ဦး
Photo by ဒေသခံ တစ်ဦး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ နမ့်ပေါင်မြို့နယ် တွင် မီးရှို့ခံရ သည့် အလောင်း ၂လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က နမ့်ပေါင်မြို့နယ်အတွင်း တောင်ယာ အကွက်တွင် အမည်မသိ အမျိုးသမီးငယ်အလောင်းတလောင်းနှင့် ပြာကျနေပြီဖြစ်သော အလောင်း တလောင်းတွေ့ရှိကာ သက်ဆိုင်ရာမှ ဖေဖော်ဝါရီ ၂၄ က လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ စစ်ဆေးမှုပြုနေကြောင်း နမ့်ပေါင် ဒေသခံ စိုင်းထွေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အလောင်း တလောင်းကတော့အမျိုးသမီး အလောင်းပါ။ အသားစတွေမြင်ရသေးတယ်။ အသက်ကတော့ ငယ်သေးတယ်။ နောက်တယောက် က ပြာကျသွားပြီ။ အမျိုးသားလား အမျိုးသမီး လားဆိုတာ မသိဘူး” ဟု စိုင်းထွေး က ပြောပြသည်။

အဆိုပါ မီးရှို့ခံရသည့် အလောင်း ၂လောင်း သည် နမ့်ပေါင်အနီးတဝိုက်တွင် နေထိုင် သူများမဖြစ်နိုင်ကြောင်း၊ ထိုမီးရှို့ခံရသည့်နေရာသည် နမ့်ပေါင် ဒေသခံများ သွားလာလေ့မရှိသည့်နေရာဖြစ်ကြောင်းလည်း နမ့်ပေါင် ဒေသခံများ ကပြောသည်။

“ နမ့်ပေါင် နဲ့အနီးတဝိုက်က လူတွေ မဖြစ်နိုင်ဘူး။ တကယ်လို့နမ့်ပေါင်က ဘယ်သူပျောက်လဲဆိုတာသိနိုင်တယ်လေ။ အခုက ဘာအသံမှ မကြားရ ဘူး။ သက်ဆိုင်ရာကတော့ စစ်ဆေးနေတယ်” ဟု နမ့်ပေါင် ဒေသခံ စိုင်းလှ က ပြောသည်။

ထိုသို့မီးရှို့လိုက်ခြင်းမှာ အလောင်းဖျောက်ချင်သည့်သဘောဖြစ်ကြောင်း၊ လက်ရှိမှာ ထို မီးရှို့ခံရသည့်အလောင်းသည် ပိုင်ရှင် မပေါ်သေးကြောင်းလည်း စိုင်းလှ က ပြောသည်။

ပြာကျသည့် အလောင်းနှင့် ပတ်သက်ပြီး နမ့်ပေါင် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

နမ့်ပေါင်သည် လားရှိုးမြို့ အရှေ့တောင်ဘက် ၂၀မိုင်ခန့် ဝေးကွာသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...