အစိုးရနှင့်အငှားစာချုပ်မရှိဘဲ မော်လမြိုင်ကမ်းနားလမ်း၌ Cargo Bar တည်ဆောက်ထား

အစိုးရနှင့်အငှားစာချုပ်မရှိဘဲ မော်လမြိုင်ကမ်းနားလမ်း၌ Cargo Bar တည်ဆောက်ထား
မော်လမြိုင်ကမ်းနားလမ်းရှိ Cargo Bar (MNA)
မော်လမြိုင်ကမ်းနားလမ်းရှိ Cargo Bar (MNA)

မင်းအတွဒ်(မော်လမြိုင်) — မွန်ပြည်နယ် မော်လမြိုင်ကမ်းနားလမ်း၊ ရာမညစင်တာဘေးရှိ Cargo Bar&Grill သည် အစိုးရထံနှင့် အငှားစာချုပ်မရှိဘဲ တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ဒေါက်တာအောင်နိုင်ဦးက “ကွန်တိန်နာကို ချပြီးတော့ အလုပ်သမားတွေ တည်းခိုတဲ့နေရာမျိုး ယာယီတည်းခိုစခန်းပုံစံမျိုးနဲ့ ဆောက်ထားတာ၊ အခုက CARGO ဆိုတဲ့ စည်ဘီယာဆိုင်ဖြစ်နေတယ်၊ ဒါက စာချုပ်ထဲမှာ လုံးဝမပါတဲ့ အဆောက်အဦးတစ်ခုဖြစ်နေတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေး၌ ရာမညဆိပ်ခံတံတား အကြီးစားပြင်ဆင်မွမ်းမံပြီး နှစ်ရှည်ငှားရမ်းသည့် ကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က“အပန်းဖြေရေဆင်းဆိပ်ဆိုတာကို မြို့တော်အင်္ဂါရပ်နှင့်အညီ ကြီးကြီးကျယ်ကျယ် တင်ပြလာခြင်း ဖြစ်တဲ့အတွက် လက်ရှိမှာ အစိုးရအနေနဲ့ စိစစ်ဆောင်ရွက်ဆဲကာလဖြစ်ပြီး ဆိုင်းငံ့ရခြင်း ဖြစ်ပါတယ်၊ နောက် Cargo Beer ဆိုင်ဖြစ်နေရတဲ့ကိစ္စနှင့်ပတ်သက်ပြီး  အသေးစိတ်ပြန်လည်စိစစ်ပြီး ၁၀ ရက်အတွင်း ပြန်လည်ပေးပို့ ဖြေကြားသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

စာချုပ်ပါသတ်မှတ်ချက်အရ ရာနှုန်းပြည့် တည်ဆောက်ပြီးမှသာ မြို့နယ်စည်ပင်အဖွဲ့သို့ လွှဲပြောင်းရမှာဖြစ်ပြီး ယင်းကဲ့သို့ဆိုင်းငံ့ထားခြင်းသည် စာချုပ်ပါသဘောတူညီချက်နှင့် ကိုက်ညီမှုမရှိဟု ဒေါက်တာအောင်နိုင်ဦးက  ပြန်လည်ထောက်ပြပြောဆိုသည်။

ရာမညဆိပ်ခံတံတားကို  Golden Mawlamyine Co.Ltd က အနှစ်၂၀ သက်တမ်းဌားရမ်း၍ ပထမငါးနှစ်တွင် တစ်လ၂ သိန်း၊ ဒုတိယငါးနှစ်တစ်လ ၃ သိန်း၊ တတိယငါးနှစ်တစ်လ ၄ သိန်းခွဲ နောက်ဆုံးငါးနှစ်တစ်လ ၆ သိန်း ၇ သောင်းခွဲတစ်နှစ်တစ်ကြိမ်ပေးဆောင်ရမည်ဟု စာချုပ်ထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ရာမညဆိပ်ခံတံတား (ကျားတံတား)အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်ကတည်းက မွန်ပြည်နယ် အစိုးရ၏ သဘောတူညီမှုဖြင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ Golden Mawlamyine Co;Ltd. နှင့် နှစ်ဦးနှစ်ဖက်  စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ၎င်း၏တည်ဆောက်ရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ၁၉ လသတ်မှတ်ထားပြီး အဆိုပြုအဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို လွှဲပြောင်းရမည်ဖြစ်ကြောင်း၊ ယင်းအပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများကို ပြင်ဆင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း မပြုရန် အချက်များ ပါဝင်သည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...