တာချီလိတ်တွင် တရားမဝင်နေထိုင်သူ ထိုင်းအမျိုးသားတစ်ဦးထံမှ လက်နက်များ တွေ့ရှိ

တာချီလိတ်တွင် တရားမဝင်နေထိုင်သူ ထိုင်းအမျိုးသားတစ်ဦးထံမှ လက်နက်များ တွေ့ရှိ
Photo by တာချီလိတ်ရဲစခန်း
Photo by တာချီလိတ်ရဲစခန်း

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တရားမဝင် နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ရက် ၉၀ “ ကျားမင်း စီမံချက်” ကာလအတွင်း ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၆နာရီခွဲ၌ တာချီလိတ်မြို့ ဆန်ဆိုင်း(က)၊ အုန်းခြံလမ်းရှိ ငှားရမ်းနေထိုင်သည့် အိမ်ကို ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား စီကြီးချက်(အင်းစင်) (ခ) ပေါင်အားကို တွေ့ရကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းထံမှ ပစ္စတိုသေနတ် တစ်လက်၊ ကျည်ဆံ ၁၆ တောင့်၊ ကျည်အိမ် တစ်ခုတို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

“တရားမဝင် နေထိုင်တဲ့ ထိုင်းနိုင်ငံသားကို ဖမ်းဆီးထားတာ ဟုတ်ပါတယ်။ လက်နက်တွေလည်း ပါတယ်။ ထိုင်းနိုင်ငံသားက စိုင်းလှ (ခ) စိုင်းဆမ် နာမည်ကို သုံးပြီး နေနေတာပါ” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် တရားမဝင်နေထိုင်သူ ထိုင်းနိုင်ငံသားကို တာချီလိတ် မြို့မရဲစခန်းတွင် (ပ)၁၀၆/ ၂၀၂၀ သျှမ်းလက်နက် ၁၂(က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မှုခင်းကျဆင်းရေး နှင့် တရားဥပဒေစိုးမိုးရေး ရက် (၉၀) “ ကျားမင်း စီမံချက်” ဆောင်ရွက်လျက် ရှိသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...