တရားမဝင်မြန်မာလုပ်သား ၁၀၀၀ ကျော်ပြန်လာနိုင်ရေးမြန်မာသံရုံးဆောင်ရွက်နေ

တရားမဝင်မြန်မာလုပ်သား ၁၀၀၀ ကျော်ပြန်လာနိုင်ရေးမြန်မာသံရုံးဆောင်ရွက်နေ

ဟိန်းသက်ဦး — ဘေဂျင်းမြို့ ရှိ မြန်မာသံရုံးထံသို့ ဆက်သွယ်အကူအညီတောင်းခံလျက်ရှိတဲ့ တရားမဝင်ပြောင်းရွှေ့လုပ်သားဦးရေ ၁၀၀၀ ကျော် ရှိနေပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ကုန်းလမ်းမှပြန်ပို့နိုင်ရေး သက်ဆိုင်ရာမြို့နယ်များရှိ မြန်မာ ကောင်စစ်ဝန် ရုံးများနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိနေကြောင်း ဘေဂျင်းမြို့၊ မြန်မာသံရုံး မှသိရသည်။

ဘေဂျင်းမြို့၊ မြန်မာသံရုံး မှသံရုံးတာဝန်ရှိတစ်ဦးက“အခု သိရတဲ့ တရားမဝင်လုပ်သားတွေက ကားနဲ့ဘဲ ပြန်လို့ရမှာ ဖြစ်ပါတယ်။ သူတို့မှာ တရားဝင် အထောက်အထားမရှိတဲ့အတွက် တရုတ်အစိုး ရဘက် က လေဆိပ်တို့၊ ရထားတို့နဲ့ ပြန်ခွင့်ပြုမယ် မထင်ဘူး။ ဒါကြောင့်  ကျွန်မတို့စဉ်းစားထားတာက ကားနဲ့စီစဉ်ပေးဖို့ အဓိကထား စဉ်းစားနေတယ်။ နေရာအတိအကျ စာရင်းတွေ ရရင် သက်ဆိုင်ရာ ပြည်နယ် တွေမှာ ရှိတဲ့ ရဲစခန်းတွေ ကို မြန်မာနိုင်ငံသားတွေ ပြန်ဖို့ ကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။” ဟုပြောသည်။

ဘေဂျင်းမြို့ရှိမြန်မာသံရုံးမှ တရုတ်နိုင်ငံရှိ ပြည်နယ်များဖြစ်သည့် ကူမင်းမြို့၊ နန်နင်းမြို့နဲ့ ဟောင်ကောင်မြို့တို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးများနဲ့ ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိနေ ခြင်းဖြစ် သည်။ တရုတ် နိုင်ငံမှာ လတ်တလော ဖြစ်ပွားလျှက်ရှိတဲ့ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားများ ပြန်လာနိုင်ဖို့အ တွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာသူများများပြားလျှက်ရှိကြောင်းလည်းသိရသည်။

 တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ လုပ်ကိုင်လျက်ရှိသော နေရာဒေသ၊ လုပ်ကိုင်လျက်ရှိတဲ့ စက်ရုံ လိပ်စာတို့ကို အတိအကျ အသိပေးနိုင်မှသာ သက်ဆိုင်ရာ ဒေသအလိုက် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် မိမိတို့ရဲ  အမည်စာရင်း၊ နိုင်ငံသားစီစစ်ရေးကဒ်အမှတ်၊ နိုင်ငံသားစီစစ်ရေးကဒ်မိတ္တူ နဲ့အိမ်ထောင်စု စာရင်းများကို ဆက်သွယ်ပေးပို့ရန် ဘေဂျင်းမြို့၊ မြန်မာသံရုံးဘက်မှ အသိပေးချက် ထုတ်ပြန်ထားသည်။

 လက်ရှိတွင် ဘေဂျင်းမြို့၊ မြန်မာသံရုံး နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အကြား WeChat မှ တစ်ဆင့် ဆက်သွယ်လျက်ရှိပြီး သက်ဆိုင်ရာ ဒေသရဲတပ်ဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့တို့ကို အကြောင်းကြား၍ မြန်မာ ကောင်စစ်ဝန်ရုံးများနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာမည့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ဗိုင်းရပ်စ်ကူးစက်မှု မရှိစေရေးအတွက် တရုတ်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံကို ပြန်ဝင်လာမယ့် သူတွေရဲ့ ကျန်းမာရေးအတွက် တရုတ်အစိုးရဘက်က သူတို့ သတ်မှတ်ထားတဲ့ အပူချိန် ကျော်လွန်နေရင် ပေးလွှတ်မှာတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံဘက်မှာလည်း သက်ဆိုင်ရာ နယ်စပ်ဝင်ပေါက်ကနေ ဝင်လာမယ့် သူတွေကို သေချာစီစစ်ပြီး စစ်ဆေးမှုတွေ ကို ကျန်းမာရေးဝန်ကြီးဌာနဘက်က အစီအစဉ်အတိုင်း ဆောင်ရွက်သွားဖို့ အစီရင်ခံစာ တင်ထားပါတယ်။” ဟု ပြောသည်။

ဘေဂျင်းမြို့၊ မြန်မာသံရုံး အနေဖြင့် မြန်မာနိုင်ငံသို့ပြန်လာရန် ဆက်သွယ်ထားသည့် တရုတ်နိုင်ငံ ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်တို့တွင် ပညာသင်ကြားရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများဦးရေ ၂၀၀ ကျော် ရှိနေပြီး သံရုံးခွင့်ပြုချက် နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များဆီသို့ အသိပေးအကြောင်းကြားပြီး ဖြစ်သည် ဟုလည်း သိရသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံး၌ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၆၅၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ အရေအတွက် ၁၄၉၁ ဦးကျာ် ရှိကာ ပျောက်ကင်းသူ ၅၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...