“ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသား တစ်ဦး သေနတ်ပစ်ခံရ

“ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသား တစ်ဦး သေနတ်ပစ်ခံရ

ထိုင်း- မြန်မာ နယ်စပ် တာချီလိတ် တွင် ရက် ၉၀ “ ကျားမင်း စီမံချက်” ကာလ အတွင်း အမျိုးသားတစ်ဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

 ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ထွန်းလင်းအောင် လမ်း ၌ အမျိုးသားတစ်ဦး ကို အမည်မသိ သူ က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း တာချီလိတ်မြို့က ဒေသခံများ ပြောပြချက် အရသိရသည်။

“ ကားပေါ်တက်ဖို့ လမ်းလျှောက်လာတဲ့သူ တစ်ဦးကို အမည်မသိ သူ က ကားတစ်စီးနဲ့ လာပြီး သေနတ် ၅ချက် ပစ်သွားတယ်။ ပြီးတော့ ပြေးသွားတယ်” ဟု တာချီလိတ်မြို့ နေမျက်မြင် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသူကို လက်ရှိမှာ တာချီလိတ်မြို့ပြည်သူ့ဆေးရုံ တွင် ပို့ဆောင်ထားကြောင်းသိရသည်။

“ လူတစ်ဦး သေနတ်ပစ်ခံရတာတော့ ဟုတ်တယ်။ အသေးစိတ်ကို ကျနော်တို့ စိစစ်နေတာပါ” ဟု တာချီလိတ်မြို့ ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ မှာ တာချီလိတ်မြို့ အတွင်း မှုခင်း ကျဆင်းရေး နှင့် တရားဥပေဒ စိုးမိုးရေး ရှိစေရန် အတွက် ရက် ၉၀ “ ကျားမင်း စီမံချက်” လှုပ်ရှားနေသည့် အချိန်ကာလဖြစ်သည်။

ထို ရက် ၉၀ “ ကျားမင်း စီမံချက်” အတွက် ရပ်ကင်း ၁၅ကင်း ပြုလုပ်ပြီး၊ တကင်းတွင် ရဲတပ်သား ၂ဦး တာဝန်ချသွားမည်ဖြစ်ကြောင်း၊ မြို့ပေါ် ရပ်ကွက် (၄) ခုမှာလည်းနယ်မြေရဲကင်းများ ချထားပြီး၊ မြို့ ပေါ်တွင် အမှုများဖြစ်လာပါက အချိန်မီသိရအောင် ရပ်ကင်းမှပိတ်ဆို့တားဆီးနိုင်အောင်လည်း ဆောင်ရွက်သွားမည် ဟုလည်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် ကို  ပြောသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၂ရက်နေ့ နံနက်ပိုင်းကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် 1G1 ဟိုတယ် အတွင်းရှိ နတ်စင်ကို အမျိုးသားတစ်ဦး က သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးတိမ်းရှောင်နေဆဲ ဟု သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...