ကျေးသီးမြို့နယ် ကိုယ်ထူကိုယ်ထ တံတား ငွေကြေးလိုအပ်နေဆဲ

ကျေးသီးမြို့နယ် ကိုယ်ထူကိုယ်ထ တံတား ငွေကြေးလိုအပ်နေဆဲ
Photo by Nang Eaindray May — တံတား တည်ဆောက်ရာတွင် တပိုင်တနိုင် ကူညီပေးနေသည့် ဒေသခံများ
Photo by Nang Eaindray May — တံတား တည်ဆောက်ရာတွင် တပိုင်တနိုင် ကူညီပေးနေသည့် ဒေသခံများ

ကျေးသီးမြို့နယ် စွမ်းတောင်(ခ) ကျွန်းတောင် ဒေသခံ ပြည်သူများ မိုးရွာသီတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာ သွားလာနိုင်ရန် အတွက် ကိုယ်ထူကိုယ်ထ လမ်းတံတား ဆောက်လုပ်ရန် ငွေကြေး လိုအပ်နေသေးကြောင်း သိရသည်။

ထိုဒေသတွင် နေထိုင်သည့် သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပညာရေး၊ ကျန်းမာရေး အတွက် ခက်ခဲမှု များစွာ ကြုံတွေ့နေမှုကြောင့် ကိုယ်ထူကိုယ်ထ လမ်းတံတားများ တည်ဆောက်ရခြင်းဖြစ်သည် ဟု တံတားဆောက်လုပ်ရာတွင် ကူညီပေးနေသည့် ဝမ်စိမ်းကျေးရွာ မှ ကျောင်းဆရာမ နန်းအိန္ဒြေမေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျမတို့ သူတို့ ရဲ့ ပညာရေး၊ ကျန်းမာရေး ဘက်ကို ကြည့်ပြီး အခုလို လုပ်ပေးတာပါ။ အဓိက အရေးပေါ် ကျန်းမာရေးမှာ အသက် ဆုံးရှုံးရတယ်။သားဖွားမိခင်တွေ က ပိုပြီး ဒုက္ခရောက်တယ်” ဟု ကျာင်းဆရာမ နန်းအိန္ဒြေမေ က ဆိုသည်။

 အဆိုပါ တည်ဆောက်နေသည့် တံတားသည် ကျေးသီးမြို့နယ် စွမ်းတောင် ကျေးရွာ နှင့် ဝမ်စိမ်းကျေးရွာသို့ ဆက်သွယ်သည့် လမ်းဖြစ်ပြီး၊ မြို့ပေါ် သို့ အရေးပေါ် ကျန်းမာရေး၊ ပညာရေး အတွက်သွားလာပါက ထို တံတားကို သာ ဖြတ်သန်း သွားလာရကြောင်း သိရသည်။

“ မိုးရွာသီ ဆိုရင် ကလေးတွေ ဝမ်းလျောရောဂါဖြစ်တယ်။ ကလေးငယ်တွေ အသည်းအသန်ဖြစ်ရင် ဝမ်စိမ်း ကျန်းမာရေး ဌာန ဆေးခန်းကို လမ်းလျှောက်ရတယ်။ ဒါတွေကို မခံစားနိုင်လို့ ဦးဆောင် လုပ်လိုက်တာပါ” ဟု လည်း ဆရာမ ပြောပြသည်။

ကိုယ်ထူ ကိုယ်ထ တံတား သည် ကျေးရွာ ပြည်သူများ သွားလာမှု လွယ်ကူပြီး၊ ကျန်းမာရေး၊ပညာရေး အတွက် အထောက်အပံ့များစွာ ပေးနိုင်ကြောင်း၊ လက်ရှိမှာ တံတား တည်ဆောက်ရန် အတွက် ငွေကြေး မလုံလောက်မှုများ ရင်ဆိုင်နေရကြောင်းလည်း ကျောင်းဆရာမ နန်းအိန္ဒြေမေ က ပြောသည်။

“ ဆရာမတို့ အစိုးရကို ပဲ အားကိုးနေရင် အချိန်တွေကုန်သွားမယ်။ အခုလို ဖြစ်လာဖို့ က အသေချာဘူး။ ငွေကြေးကတော့ မလုံလောက်ဘူး။ အလှူရှင်တွေကတော့ သက်နိုင်သလောက် ကူညီပေးပါတယ်” ဟု သူမ က ပြောသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...