Facebook မှ မူဝါဒနှင့် ဆန့်ကျင်သော အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခု တို့အား ဖယ်ရှား၊ MyTel နှင့် Viettel တို့နှင့် ဆက်နွယ်နေကြောင်း စစ်ဆေးတွေ့ရှိဟုဆို

Facebook မှ မူဝါဒနှင့် ဆန့်ကျင်သော အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခု တို့အား ဖယ်ရှား၊ MyTel နှင့် Viettel တို့နှင့် ဆက်နွယ်နေကြောင်း စစ်ဆေးတွေ့ရှိဟုဆို

ဟိန်းသက်ဦး — မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက်စာမျက်နှာ (Facebook) အသုံးပြုသူများအကြား မရိုးသားသော သတင်းအမှားများ ဖြန့်ချိနေခြင်းကြောင့် ၎င်း၏ မူဝါဒ နှင့် ဆန့်ကျင်နေသည့်အတွက် အကောင့် ၁၃ ခု နှင့် စာမျက်နှာ ၁၀ ခု တို့အား ဖယ်ရှားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Facebook ရဲ့ တရားဝင် သတင်းဝက်ဘ်ဆိုက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် Mizzima Media အနေဖြင့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ MyTel ထံသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်၍ တုံ့ပြန်ဖြေကြားမှုကို စောင့်ဆိုင်းလျက်ရှိသည်။

ယခုကဲ့ ဖျက်သိမ်းလိုက်သည့် အကောင့်များ နှင့် စာမျက်နှာများသည် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ  Mytel နဲ့ ဗီယက်နမ် အစိုးရပိုင် Viettel ဗီယက်တဲလ် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပက်သက်ဆက်နွယ်နေမှု ရှိနေသည် ဟု Facebook ရဲ့ ကြေညာချက်တွင် ပါဝင်သည်။

အဆိုပါ စာမျက်နှာ စီမံခန့်ခွဲသူများ နဲ့ အကောင့်တု အသုံးပြုသူတွေ အနေနဲ့  ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်ထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ စာမျက်နှာများ အသွင်ဟန်ဆောင်ကာ ဖေ့စ်ဘွတ် အသုံးပြုသူများ အကြား သတင်းအချက်အလက်မှားများ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အကောင့်တုများ နဲ့ စာမျက်နှာတုများ မှ နောက်ကွယ်ရှိသူတွေ အနေနဲ့ အချင်းချင်း ချိတ်ဆက်၍ ပူးပေါင်းလှုပ်ရှား ခြင်းဖြစ်ပြီး အကောင့်တု နဲ့ စာမျက်နှာတု အသုံးပြုသူတွေ အနေနဲ့ သတင်းအချက်အလက်မှားများ ဖြန့်ဝေဖို့အတွက် ကြော်ငြာခ အမေရိကန် ဒေါ်လာ ၁ သန်းကျော် (၁၁၅၅ဝဝဝ) ကို အမေရိကန် ဒေါ်လာ နဲ့ ဗီယက်နမ် ဒေါင် ငွေ တို့ နဲ့ ပေးချေခဲ့ပြီး ကြည့်ရှုသူ Follower အကောင့် အရေအတွက် ၂၆၅၆၀၀ ရှိနေသည်ကို သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိခဲ့သည်ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...