Published
Friday, February 14, 2020
လက်နက်ကြီးကျည်ထိ ဒဏ်ရာရသူ ကျောင်းသား လေးဦးအနက် နှစ်ဦး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံပို့
သန့်မြတ်ခိုင်၊ ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၄ ဦးထဲမှ ၂ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်မှ စစ်တွေ ဆေးရုံသို့ ယူဆောင်လာခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ရောက်ရှိလာကြောင်း သတင်းရရှိသည်။
ဆေးကုသမှုခံယူရန် စစ်တွေဆေးရုံသို့ ယူဆောင်လာရသူ ကျောင်းသား နှစ်ဦးမှာ မျောက်တောင်ကျေးရွာရှိ အလင်းရောင် စာဖတ်ဝိုင်းတွင် တက်ရောက် သင်ကြားနေသူ ဆယ်တန်းကျောင်းသား မောင်ကိုကိုဟိန်း (၁၈)နှစ် နှင့် မောင်ဦးသန်းဇော် (၁၈) နှစ် တို့ ဖြစ်သည်။







