မင်းပြားမြို့နယ်တွင် လူငယ်တစ်ဦး လက်နက်ကြီးကျည်ကျ၍ သေဆုံး

မင်းပြားမြို့နယ်တွင် လူငယ်တစ်ဦး လက်နက်ကြီးကျည်ကျ၍ သေဆုံး

နီမင်းထွန်း — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော် (ဖားပြို)ကျေးရွာမှ လူငယ်တစ်ဦး  ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် တောထဲမှ ထင်းခုတ်ပြီး ပြန်လာစဉ် လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရ သေဆုံးသွားသူမှာ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာမှ ဦး မောင်စံဖြူနှင့် ဒေါ် ညိုအေးယေ တို့၏ သား မောင် င/လုံးချေ(၁၆)နှစ် ဖြစ်ကြောင်းသိရသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းရွှေ(ခေါ်)အမ်းသားကြီးက  “တောထဲမှာ ထင်းခုတ်ပြီး ပြန်လာတဲ့အချိန် ဖြစ်သွားတာ။  ဒီနေ့တိုက်ပွဲတွေ ဖြစ်တာလည်းမရှိဘူး။ ဒိုင်း ဆိုပြီး အသံကြားလို့ နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံးမီးလောင်နေတာမြင်ရတယ် ဆိုပြီးတော့ သူနဲ့အတူတူပါသွားတဲ့ တစ်ယောက်က ပြောတယ်” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

မောင်င/လုံးချေမှာ ရင်ဘတ်၊ မျက်နှာနှင့် လက်တို့တွင် ဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံး သွားသည်ဟု ၎င်းကဆက်ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

ဦးလှသိန်းအောင်က “တောကိုသွားရင်းနဲ့ လက်နက်ကြီးကျတယ်လို့ကြားတယ်။ ဘယ်သူမှ အတိအကျ မမြင်ဘူးလေ။ ဒီကတစ်ယောက်က သွားကြည့်တဲ့အချိန်မှာ တစ်ကိုယ်လုံးမဲတူးနေပြီလို့ ပြောတယ်။ အဲဒီဖားပျော်ရွာအရှေ့ဘက်တောင်တန်းနားမှာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံစသည့် မြို့နယ်များ အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှ အင်တာနက် လိုင်းများကို ပြန် ဖြတ်တောက်၍အပြီးတွင် တိုက်ပွဲများပြင်းပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ဒေသခံ များလည်း ထိခိုက် ဒဏ်ရာရမှုများ၊ သေဆုံးမှုများလည်း ပို၍များပြား လာနေကြောင်း သတင်း ရရှိသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...