လားရှိုးမြို့တွင် ဆယ်ကျော်သက် လူငယ်တဦး ဓားခုတ်ခံရ

လားရှိုးမြို့တွင် ဆယ်ကျော်သက် လူငယ်တဦး ဓားခုတ်ခံရ
Photo -  Nay Myo
Photo - Nay Myo

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄နာရီ တွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၅) အထက်တန်းကျောင်း(အထက ၆) အနောက်ဘက်လမ်းတွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း၊ လက်ရှိမှာ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း လားရှိုး လူငယ်လူမှုကူညီရေးအသင်း မှ ကိုအောင်ကျော်ဦး က ပြောသည်။

“ နေအိမ်ထဲမှာ နေရင်းနဲ့ ခုတ်ခံရတာပါ။ တုတ်နဲ့လည်း ရိုက်ထားတယ်။ ဓားနဲ့ ခုတ်တာကတော့ ဘယ်ဘက် တံတောင်ဆစ် ထိရှသွာတးယ်။ အခု လားရှိုးဆေးရုံအရိုးဆောင်ကို ပို့ထားတယ် ” ဟု ကိုအောင်ကျော်ဦး ကပြောသည်။

အဆိုပါ ဓားခုတ်ခံရသူသည် အသက် ၁၆နှစ် အရွယ်ရှိကြောင်း၊ လာရောက်ခုတ်သည့် သူကို စုံစမ်းနေဆဲဟု ကိုအောင်ကျော်ဦး က ထပ်လောင်းပြောသည်။

“ ရန်ညိုးရန်စ ရှိလို့လာခုတ်သွားတဲ့သဘောပါ။ ရဲတွေကတော့ လာခုတ်တဲ့သူကို စုံစမ်းနေတယ်။ တရားခံတော့ မဖမ်းမိသေးဘူး” ဟု ကိုအောင်ကျော်ဦးက ဆိုသည်။

လားရှိုးမြို့တွင် မကြာခဏ ဓားခုတ်မှု ဖြစ်ပွားကြောင်း၊ ယခုနောက်ပိုင်း နေ့ခင်းအချိန်တွင် ဓားခုတ်ခံရမှု ဖြစ်ပွားလာမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားနေကြကြောင်း လားရှိုးဒေသခံများ ပြောပြချက် အရသိရသည်။

“ နေ့ခင်းမှာ ဓားခုတ်မှုတွေဖြစ်တော့ သွားလာရတာတောင် ကြောက်နေရတယ်။ ဆေးသမားတွေကလည်း ပေါတော့ ဘယ်သွားသွား သတိရှိနေရတယ်” ဟု လားရှိုးဒေသခံ ကျော်လှ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လားရှိုးမြို့တွင် မကြာခဏ လုယက်မှု၊ ခိုးမှု၊ ဓားခုတ်မှုများ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာ က တိကျစွာ ကိုင်တွယ်ပေးခြင်း ဖြေရှင်းပေးခြင်း မရှိကြောင်းလည်း လားရှိုး ကျော်လှ က ပြောသည်။

“ အရင်က ညမှောင်ရင် လုယက်တာ၊ ခိုးတာ ၊ ဓားခုတ်တာရှိတယ်။ အခုက နေ့ခင်းတောင် ဓားခုတ်တော့ လားရှိုးမြို့ တရားဥပဒေ စိုးမိုးမှု က လုံးဝ မရှိဘူးတော့ဘူး။ ကြောက်နေရတယ်” ဟု ကျော်လှ က ထပ်လောင်းပြောသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...